Facebook နှင့် မြန်မာပြည်ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပမည်

MCPA_1_RGB.jpg

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Facebook နှင့် မြန်မာပြည် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကို အောက်တိုဘာ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park, Conference Hall ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရအဖွဲ့ဝင် အရာရှိများ၊ အတွေ့အကြုံရှိသူများ၊ အသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ Social Network တွင် ထင်ရှားကျော်ဇောသူများမှ Social Network (facebook, wechat, etc…..) နှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များ၊ အသုံးပြုသူများ၏ ကိုယ်ပိုင်လုံခြုံမှုစနစ်နှင့် ပတ်သက်၍ သိကောင်းစရာများနှင့် လိုအပ်သော အသိပညာပေး ဆွေးနွေးမှုများ၊ Legal Enforcement ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို Panel Discussion ပုံစံဖြင့် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းဝင်များ၊ ကွန်ပျူတာ နည်းပညာကို လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မည် ဖြစ်သည်။

အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ MICT Park၊ ဖုန်း−၀၁−၆၅၂၂၇၆ နှင့် ၀၉−၇၃၀၈၈၃၀၀ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။