Future Computing Trends that will change Myanmar`s IT Landscape ပွဲ ကျင်းပ

Sky-1.jpg
Sky-2.jpg
Sky-3.jpg
Sky-4.jpg

အမေရိကန်အခြေစိုက် ASG Software Product Company နှင့် IT Solution Company Skylark တို့ပူးပေါင်းကာ “ Future Computing Trends that will change Myanmar`s IT Landscape” အား ရန်ကုန်မြို့ ရှိ Sule Shangrila Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဖွင့်အမှာစကားအဖြစ် Skylark မှ Managing Director ဖြစ်သူ ဦးမြတ်မင်းစိုးမိုးမှ ပြောကြားသွားခဲ့ပြီး ASG Company မှ ၎င်းတို့၏ Software ဖြစ်သော ASG Cloudfactory 8.1 အကြောင်းအား ပြောကြားသွားခဲ့သည်။

“အစ်ကိုတို့ Skylark Company အနေနဲ့ ဒီ ASG နဲ့ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ Banking လုပ်ငန်းတွေမှာ Cloud စနစ်ကို အသုံးပြုပြီး Data File တွေကို မပျောက်အောင်နဲ့ သိမ်းဆည်းနိုင်အောင် ပြုလုပ်ပေးတဲ့ ကုမ္ပဏီပါ။ တစ်နည်းပြောရရင် Software ရောင်းချပြီး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီလိုမျိုးပါ။ဒီ Software က ဘဏ်တွေတင် မကပါဘူး။ တခြားလုပ်ငန်းတွေဖြစ်တဲ့ စက်ရုံတွေ၊ ကားတပ်ဆင်တဲ့စက်ရုံနဲ့ တခြားလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်တဲ့ Software ပါ။ Cloud ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အချက်အလက်တွေကို သိမ်းဆည်းပေးနိုင်ပါတယ်။ Sing in က Multi Sing on နဲ့ Signal Sing on ရွေးချယ်အသုံးပြုနိုင်ပါတယ်။ လိုင်စင်ကြေးအနေနဲ့ကတော့ လုပ်ငန်းရဲ့အခြေအနေ လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်” ဟု Skylark မှ Managing Director ဦးမြတ်မင်းစိုးမိုးက ပြောကြားခဲ့သည်။

Skylark Company အနေဖြင့် မြန်မာနိုင်ငံတွင် IT နှင့် Software Service ပေးနေသော ကုမ္ပဏီဖြစ်သည်။