နိုဝင်ဘာလတွင် ၂၂၉ ဒေါ်လာဖြင့် ရောင်းချမည့် Beats Pill+ စပီကာကို Apple မိတ်ဆက်

12068613_10153229826652825_4612875576615198141_o.jpg

Apple သည် stereo active 2-way crossover စနစ်နှင့် ဘက်ထရီဖြင့် ၁၂ နာရီ သုံးနိုင်မည့် Beats Pill+ Bluetooth ကြိုးမဲ့စပီကာကို မိတ်ဆက်ခဲ့သည်။ အနက်ရောင်နှင့် အဖြူရောင်ဖြင့် ရရှိနိုင်မည့် အဆိုပါ စပီကာကို နိုဝင်ဘာလတွင် Apple Online Store နှင့် authorized Beats လက်လီအရောင်းဆိုင်များမှ တစ်ဆင့် ၂၂၉.၉၅ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သည်။

Beats Pill+ စပီကာသစ်နှင့် သုံးနိုင်မည့် app သည် သုံးစွဲသူက စမတ်ဖုန်းကို အသုံးပြုကာ စပီကာကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် Blutooth ရင်းမြစ်နှစ်ခုမှ သီချင်းဖွင့်ခြင်းနှင့် Beats Pill+ စပီကာနှစ်ခုကို sync လုပ်ခြင်း စသည့် feature များလည်း ပါဝင်လာသည်။

Beats Pill+ စပီကာသစ်သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလက မိတ်ဆက်ပေးခဲ့သော မူရင်း Beats Pill နေရာတွင် အစားထိုးမည် ဖြစ်သည်။ အဆိုပါ စပီကာသစ်သည် ၂၀၁၄ ခုနှစ် မေလက Apple မှ ၃ ဘီလီယံဖြင့် ဝယ်ယူပြီးနောက် ကုမ္ပဏီက ပထမဦးဆုံး မိတ်ဆက်ပေးသည့် စပီကာလည်း ဖြစ်သည်။ Beats Pill+ စပီကာသစ်သည် မူရင်း Pill စပီကာထက် အရွယ်ကြီးမားသော်လည်း Beats XL စပီကာထက် အရွယ်သေးငယ်ကာ အလေးချိန် ၁.၅ ပေါင် (၀.၆၈ ကီလိုဂရမ်) ဖြစ်သည်။

The Verge ၏ လက်တွေ့စမ်းသပ်ချက်တွင် Beats Pill+ စပီကာသစ်သည် ထွက်ရှိခဲ့ဖူးသမျှ Beats စပီကာများအနက် ဆွဲဆောင်မှုအရှိဆုံးနှင့် အသံအရည်အသွေး အကောင်းဆုံး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၎င်းစပီကာသစ်တွင် ပါဝင်သည့် ဘက်ထရီသည် ၁၂ နာရီကြာ အသုံးပြုနိုင်ပြီး ကျောဘက်တွင် ပါဝင်သော Lightning နှင့် USB port မှတစ်ဆင့် iPhone နှင့် အခြားထုတ်ကုန်များကို အားသွင်းနိုင်သည်။

Ref: macrumors