UNTIL DAWN

Until-Dawn-10-NAL-online-gamereview-2015OCT1.jpg

Until Dawn ဟာ Sony ရဲ့ PlayStation 4 console အတွက်သီးသန့် exclusive ရေးဆွဲထားတဲ့ Survival Horror ဂိမ်းဖြစ်ပြီး မူလက PlayStation 3 ဂိမ်းစက်မှာ PlayStation Move Controller ကို အသုံးပြု ပြီး ကစားဖို့ ရည်ရွယ်ထားတဲ့ ဂိမ်းအဖြစ် ကြော်ငြာထားတာပါ။ နောက်ပိုင်းမှာတော့ PlayStation4 ဂိမ်းစက်ရဲ့ ရောင်းအား အရမ်းကောင်းခဲ့လို့ graphics ပိုင်း အဆင့်မြှင့်တင်ထားပြီး ပုံမှန် Dual Shock 4 Controller နဲ့သာ ကစားနိုင်အောင် ဖန်တီးထားတဲ့ ဂိမ်းအဖြစ်ဖြန့်ချိခဲ့ပါတယ်။ Until Dawn ဟာ အခြား Console Survival Horror ဂိမ်းအများစုကဲ့သို့ ရန်သူများကို စိတ်ကြိုက် ပြန်လည် တိုက်ခိုက်နိုင်မယ့် ပုံစံမဟုတ်ဘဲ Friday the 13th နှင့် Halloween အစရှိသော Slasher ရုပ်ရှင်ဇာတ်ကားများကဲ့သို့ လူသတ်သမားရဲ့ရန်မှ တိမ်းရှောင်ရမယ့် ချောက်ချားဖွယ် ဂိမ်းအမျိုးအစားဖြစ်ပါတယ်။

Until Dawn ဂိမ်းသစ်တွင် ကစားသူဟာ Sam, Mike, Josh, Ashley  နှင့် Jessica အစရှိသော သူငယ်ချင်းရှစ်ယောက်အနေဖြင့် နှင်းတောင်ပေါ်က တောအုပ်အ
တွင်းရှိ သစ်သားအိမ်အတွင်း တွေ့ဆုံရာမှ လူသတ်သမား တစ်ယောက်၏ ရန်နှင့် ရင်ဆိုင်ရပုံ ဖန်တီးထားသော ဂိမ်းဖြစ်ပါတယ်။ Developer Supermassive Games က ဖန်တီးထားပါတယ်။ နောက်ပိုင်းမှာတော့ အခြားလှည့်ကွက်တွေ၊ မမျှော်လင့်ထားတဲ့ ဘေးရန်တွေလည်း အများကြီး ပါဝင်ထားပေမယ့် Horror ရုပ်ရှင်
နဲ့ Slasher ရုပ်ရှင်တွေ အကြည့်များသူတွေကတော့ အချို့အပိုင်းတွေမှာ ဘယ်လိုဖြစ်မလဲ ကြိုမှန်းနိုင်လောက်ပါတယ်။ ဒါပေမဲ့လည်း ဂိမ်းအတွင်း ရွေးချယ်မှု ပေါင်းများစွာ ပါဝင်သလို ရွေးချယ်မှုတွေပေါ်မူတည်၍ ဇာတ်လမ်းပြောင်းလဲနိုင်သော အချိုးအကွေ့ များပါဝင်ထားပါတယ်။ ဘယ်ဇာတ်ကောင်အသက်ရှင်ပြီး ဘယ်သူသေဆုံးမယ်ဆိုတာ ကစားသူရဲ့ ရွေးချယ်မှုများပေါ် မူတည်ပြီး ကွဲပြားသော ဇာတ်သိမ်းပုံစံများ ပါဝင်ထားပါတယ်။ ဇာတ်ကောင်ရှစ်ယောက်စလုံး အသက်ရှင်သော ဇာတ်သိမ်းရယူနိုင်သလို အားလုံး အသတ်ခံရမယ့် ဇာတ်သိမ်းလည်း ပါဝင်ထားတဲ့အတွက်  အခေါက်ပေါင်းများစွာ ပြန်ကစားနိုင်မယ့် ဂိမ်းဖြစ်လို့ အထာနပ်နေတဲ့ Horror ရုပ်ရှင်ပရိသတ်တွေတောင် သဘောကျမှာပါ။

ဇာတ်ကောင်တွေ အနေနဲ့ကလည်း နှစ်သက်စရာ၊ ကယ်ချင်စရာ ဇာတ်ကောင်တွေရော အမြင်ကတ်စရာ၊ စိတ်ဓာတ် သိပ်မကောင်းတဲ့ ဇာတ်ကောင်တွေပါ ပါဝင်ထားလို့ ကစားသူရဲ့ သဘောထားပေါ်မူတည်ပြီး ဘယ်သူအသက်ရှင်လည်း ရွေးနိုင်ပေမယ့် တစ်ခါတလေ ရွေးချယ်မှုနဲ့ ဆန့်ကျင်ဘက် ရလာဒ်တွေလည်း နောက်ပိုင်းမှာ ဖြစ်လာတတ်လို့ အနည်းဆုံးတော့ နှစ်ခေါက်၊ သုံးခေါက်ကစားရတာ အရသာရှိမှာပါ။ Virtue Last Reward တို့၊ အချို့ Adventure ဂိမ်းတွေလိုတော့ ကြည့်ပြီးသား cutscenes တွေကို ကျော်တာ၊ ဒါမှမဟုတ် Manual Save လုပ်လို့ ရတဲ့ Option တွေ မပါဝင်ထားလို့ နောက်တစ်ခေါက် ဆော့ရင်တော့ gameplay ပိုင်းကလည်း simple exploration ပိုင်းနှင့် QTE ပဲ အများစုပါဝင်ထားလို့ အရင်မဆော့ဖူးသေးတဲ့ သူငယ်ချင်းတွေနဲ့ပေါင်းပြီး ရွေးချယ်မှုတွေ လုပ်ရတာ ကတော့ ပျော်ဖို့ ပိုကောင်းမှာပါ။

PlayStation 4 အတွက် သီးသန့်ရေးဆွဲထားသော retail title ဖြစ်တဲ့အတွက် graphics ပိုင်း ထူးခြားကောင်းမွန်သလို အလင်းအမှောင် lighting effects တွေနဲ့ ဇာတ်ကောင်တွေရဲ့ မျက်နှာ အမူအရာပြောင်းလဲမှုကို သဘာဝကျစေမယ့် facial emotion motion capture ပိုင်းကိုအသက်ဝင်အောင် အဓိက ဖန်တီးထားပါ
တယ်။ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Hayde Panettiere, Brett Dalton နှင့် Rami Malek တို့ကလည်း Motion Capture ပိုင်းရော၊ အသံ သရုပ်ဆောင်ပိုင်းပါ ပါဝင်ထားပါတယ်။ ဇာတ်ကောင်အများစုမှာ Hayden Panettiere ရဲ့ Sam ကလွဲပြီး ကျန်တဲ့ဇာတ်ကောင်တွေကတော့ အပြစ်မြင်စရာ၊ သဘောမကျချင်စရာ အချက်လေးတွေ အများစုရှိလို့ အမြင်ကပ်လို့ သေစေချင်ရင်တောင် Mass Effect တို့ The Walking Dead တို့မှာလိုမျိုး လက်ရှိရွေးချယ် မှုက နောက်ပိုင်း chapter တွေမှာ ဘာဖြစ်မယ်ဆိုတာ လုံးဝ အတိအကျ ကြိုမသိနိုင်တဲ့အတွက် တစ်ဂိမ်းလုံး ရင်တမမ ကစားရမှာပါ။ ပုံမှန် Horror ရော Supernatural ဆန်တဲ့ အပိုင်းလေးတွေရော gameplay ပိုင်းမှာ ပါပေမဲ့ ဇာတ်လမ်းအပြည့်အစုံ ကြိုမသိဘဲ ကစားရတာ ပိုပြီး အရသာရှိပါတယ်။

Until Dawn ဂိမ်းဟာ graphics ပိုင်း၊ motion capture ပိုင်းအများစု ကြည့်ကောင်းတဲ့ Survival Horror ဂိမ်းသစ်ဖြစ်ပြီး Until Dawn လို့အမည် ပေးထား တဲ့အတိုင်း ညဘက်ကနေ နေထွက်ချိန်အထိ ၈ နာရီမှ ၁၀ နာရီအကြာလောက် နေရာယူထားလို့ ဂိမ်းထဲကအတိုင်း အပြင်မှာလည်း ညလုံးပေါက်စုပြီး ကစားကြရင်တော့ အမှတ်တရဖြစ်စေမည့် ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။