v6.85 Patch Analysis

v6.85-Patch-Analysis-Yahooyeeha-online-article-2015OCT1.jpg

V6.85 Patch Update ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက Dota 2 ကစားသမားတွေဟာ TI5 အပြီးမှာ
ထွက်လာမယ့် ဒီ New Patch မှာတော့ ယခင် Dota 1 တုန်းက နောက်ဆုံး ထွက်ခဲ့တဲ့ Zet The Arc Warden ပါဝင်လာမယ်လို့ မျှော်လင့်ထားခဲ့ကြပေမယ့် IceFrog ဟာ v6.85 ကို Balance Update တွေကိုသာ ဦးစားပေး စဉ်းစားခဲ့တာကို တွေ့ရပါတယ်။ သေချာတာတစ်ခုကတော့ အသစ်ထွက်လာမယ့် v6.86 မှာတော့ Zet The Arc Warden ပါဝင်လာဖို့အတွက် ၉ဝ% လောက်သေချာသလောက်ရှိလာနိုင်မယ့် အရိပ်အမြွက်များကို တွေ့လာရတဲ့အပြင် သူနဲ့အတူ Divine Shield လို့ အမည်ရတဲ့ Item အသစ်တစ်ခုများ ထွက်ပေါ်လာဦးမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း v6.85 Patch ဟာဆိုရင်ဖြင့် Hero ပေါင်း ၉၆ ကောင်တိတိ အပြောင်းအလဲ ဖြစ်ခဲ့ပေမယ့် Minor Balance Change များ သာဖြစ်နေတာကို တွေ့ရပြီး သိသိသာသာ ပြောင်းလဲသွားတဲ့ Hero အနေနဲ့ ၂ဝ ခန့်တောင် မရှိပါဘူး။ ဒီလိုပြောင်းလဲသွားတဲ့ အထဲမှာတော့ TI5 ကာလများတုန်းက လူသုံးအရမ်းများခဲ့တဲ့ Hero များဖြစ်တဲ့ Gyro, Storm Spirit, Leshrac, Winter Wyvern, Lina, Techies တို့ကတော့ သိသိသာသာ
Nerf လုပ်ခံလိုက်ရတာကို တွေ့ရမှာဖြစ်ပြီး Pub Stomper Hero တစ်ကောင်ဖြစ်တဲ့ Necrophos ကိုလည်း AFK farmer အဖြစ်ကနေ ရုပ်သိမ်းပေးလိုက်ပါတယ်။

ဒီလိုပြောင်းလဲသွားတဲ့ Nerf တွေထဲက Techies ဟာဆိုရင်ဖြင့် Professional Platform မှာ လုံးဝ ဖယ်ခွာသွားရမယ့် အခြေအနေမှာ ရှိနေပါတယ်။ Techies ကို Nuker တစ်ကောင်အဖြစ် သုံးလို့ မရတော့အောင် Land Mine ကို Rework လုပ်လိုက်ခြင်းက Professional Player တွေ နှစ်သက်မှုကို သိသိသာသာ ကျဆင်း သွားစေသလို တစ်ဖက်မှာလည်း Pub Match တွေမှာ Techies’s Land mine ရဲ့ Gold Bounty စနစ်ကြောင့် အသုံးပြုမှုများ ကျဆင်းလာတာကို တွေ့ရပါတယ်။

IceFrog ဟာ TI3 Champion ဖြစ်တဲ့ Alliance အသင်းကြောင့် RAT Dota Meta ကို အဆုံးသတ်စေဖို့ ၂ဝ၁၄ ခုနှစ်တစ်ခုလုံးမှာ အဆင့် ဆင့် ပြု ပြင်ပြောင်းလဲမှုများ လုပ်ခဲ့ပါတယ်။ အဲ့ဒီလိုပါပဲ။ ပြီးခဲ့တဲ့ TI5 မှာ RAT God အသင်းတစ်သင်းဖြစ်တဲ့ Alliance ဟာ စောစောစီးစီးထွက်သွားခဲ့ရတဲ့အတွက် RAT Dota ဟာ လုံးဝကို ကစားသမားများကြားထဲမှာ အမေ့လျော့ခံအခြေအနေထိ ရောက်ရှိသွားခဲ့ပါတယ်။ တကယ်တော့ Backdoor စနစ်၊ Fortification စနစ်စတဲ့ စနစ်ပေါင်းများစွာပြောင်းလဲလိုက်ပြီးဖြစ်လို့ RAT ဟာ Perfect ဖြစ်တဲ့ ကစားကွက်တစ်ခု မဟုတ်တော့ပေမယ့် Dota မှာ ရှိသင့်တဲ့ Tactics တစ်ခုအဖြစ် သတ်မှတ်စေချင်ပုံပါပဲ။ Pusher Hero များဖြစ်တဲ့ Nature Prophet, Death Prophet, Tiny, Lone Druid, Chaos Knight, Chen, Enchantress
တို့ကို သိသိသာသာ မျက်နှာသာပေး တိုးမြှင့်ထားတာကိုကြည့်ခြင်းဖြင့် RAT Dota ကို လက်ရှိ Team Fight Meta အတွက် Counter လုပ်စေချင်သလား ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီလို အပြောင်းအလဲတွေကြားထဲမှာ သိသာထင်ရှားစွာ ပြောင်းလဲသွားတဲ့ Hero ၂ ကောင်ကတော့ Terrorblade နဲ့ Batrider တို့ပဲဖြစ်ပါတယ်။ Terrorblade ကတော့ သူ့ရဲ့ Reflection ကို AoE 900 အတွင်းက Vision မြင်နေရတဲ့ Enemy Hero တိုင်းအပေါ်ကို Click တစ်ခုနှိပ်ရုံနဲ့ အလွယ်တကူ သတ်မှတ်မှုရှိစေမယ့် Overpower Ability တစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် Metermorphsis ပြောင်းထားချိန်မှာ မိမိရဲ့ Conjure Image တွေအားလုံးဟာ Demon Form ကို ပြောင်းသွားစေမယ့် Passive တစ်ခုအပြင် Ultimate Sunder ကိုလည်း Cast Range ရော Cast Point ပါ တိုးမြှင့်ပေးလိုက်လို့ Captain Mode ကနေ
Remove အလုပ်ခံရတဲ့ အခြေအနေအထိ ရောက်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ Terrorblade ဟာ လက်ရှိ Teamfight Meta မှာ ကြုံနေရတဲ့ ကစားကွက်တစ်ခုဖြစ်တဲ့ အနောက်ချန် Caster တွေနဲ့ Lane Defender တွေကို အကောင်းဆုံး Counter လုပ်နိုင်တော့မယ့် Carry Hero တစ်ကောင်အဖြစ် ပြန်လည် မြင်တွေ့ ရတော့မှာဖြစ်ပါတယ်။ Batrider ကတော့ ထူးထူးခြားခြား တစ်ကောင်တည်းသော new aghanim’s effect ကို ရရှိလာ
တဲ့ Hero တစ်ကောင် ဖြစ်လာပါတယ်။ အဓိက အသုံးပြုလိုက်တဲ့ Unit ရဲ့ အနီးဆုံး 400 AoE အတွင်းက Hero တစ်ကောင်ကို Lasso ထပ်ချုပ်သွားစေမှာဖြစ်ပါ
တယ်။ Patch ၄ ခု ဆက်တိုက် Nerf ခံလာရတဲ့ Batrider ဟာ v6.85 အရောက်မှာတော့ သိသိသာသာ Improve ပြန်လည်ဖြစ်ပါတယ်။

မသိမသာနဲ့ သိသိသာသာဖြစ်လာစေမယ့် အပြောင်းအလဲလေးတွေကတော့ Slardar, Brewmaster, Doom, Night stalker, Oracle တို့ပဲဖြစ်ပါတယ်။ Phase boots ကို Duration လျှော့လိုက်တဲ့ တစ်ချိန်တည်းမှာပဲ Bounty Hunter ရဲ့ Track ဟာလည်း သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။ ဒီအခြေအနေမှာ 12 Seconds Duration ရမယ့် Sprint နဲ့ Flying Vision အပြည့်အဝရရှိမယ့် Amplify Damage တို့ကို ပိုင်ဆိုင်ထားမယ့် Slardar ဟာ New Meta မှာ စောင့်ကြည့်ရမယ့် Hero တစ်ကောင်ဖြစ်လာပါတယ်။ Buff စနစ်တွေကို သိသိသာသာ အပြောင်းအလဲဖြစ်စေတဲ့ v6.85 မှာတော့ Storm Panda ရဲ့ Dispel Magic, Diffusal Blade ရဲ့ Purge, Oracle ရဲ့ Fortune’s End တို့ဟာလည်း သိသိသာသာ တိုးမြှင့်လာတာကို တွေ့ရပါတယ်။ Oracle ဟာ အခုချိန်ထိ Captain Mode မှာ ပါဝင်ခြင်း မရှိသေးတဲ့ Nuker ယောင်ယောင်၊ Carry ယောင် ယောင် Hero တစ်ကောင် ဖြစ်နေပေမယ့် ဒီ Patch မှာတော့ ရှင်းရှင်း လင်းလင်းပင် Support Hero တစ်ကောင် ဖြစ်သွားစေခဲ့ပြီဖြစ်ပါတယ်။ လာမယ့် v6.86 မှာ Oracle ပါဝင်လာနိုင်ချေဟာလည်း ဖြစ်နိုင်ချေ တော်တော်များများ ရှိနေပါတယ်။

အကောင်းဆုံးနဲ့ အလှပဆုံး အပြောင်းအလဲကတော့ Purge ဟာ Summon Unit တွေကို Extra Damage မသက်ရောက်တော့တဲ့အတွက် warlock ဟာလည်း Usable Hero Pool ထဲမှာ ပြန်လည်မြင်တွေ့လာရနိုင်ချေရှိပါတယ်။ Portal ဈေးနှုန်းကို 25 gold လျှော့ချပေးခြင်းနဲ့ Dust ကို 30 seconds Cooldown လျှော့
ချပေးခြင်းတို့က Dota ရဲ့ အလှပဆုံး အပြောင်းအလဲလို့ ပြောရင်လည်း မမှားပါဘူး။ Item တွေနဲ့ ပတ်သက်ပြီး ဈေးနှုန်းတွေ၊ Cool-down တွေနဲ့ Mana Cost တွေကို သိသိသာသာ ချပေးလိုက်တဲ့ ဒီ v6.85 Patch Update ကတော့ Team Fight, Pusher, Defensive, New Hero Pool တွေ များစွာနဲ့ ကမ္ဘာအနှံ့က Dota ပရိသတ်တွေကို စိတ်လှုပ်ရှားမှုတွေ အပြည့်အဝပေးမယ့် Patch Update တစ်ခုအဖြစ်သတ်မှတ်ဖို့ ထိုက်တန်လွန်းပါတယ်။