MCPA Quiz 2015 (National Level) ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ မန္တလေးတိုင်းဒေသကြီးမှ ပထမဆုရရှိ

12068501_863444473769840_797667033849852850_o(1).jpg

MCPA Quiz 2015 (National Level) ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ မန္တလေးတိုင်းဒေသကြီးမှ ပထမဆုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၃ ရက်က MICT Park အတွင်း၌ ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်မှ ပထမဆု၊ မွန်ပြည်နယ်ကိုယ်စားပြု သထုံကွန်ပျူတာတက္ကသိုလ်မှ ဒုတိယဆုနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပုသိမ်ကွန်ပျူတာတက္ကသိုလ်မှ တတိယဆုတို့ ရရှိခဲ့သည်။

“ဒုတိယအကြိမ် ကျင်းပတဲ့အခါမှာတော့ စုစုပေါင်းတိုင်းနဲ့ပြည်နယ် ရှစ်ခုမှာ ကွန်ပျုတာတက္ကသိုလ် ၁၅ ခု၊ ပုဂ္ဂလိကသင်တန်းကျောင်း ၅ ခုအပါအဝင် အသင်း ၃၀ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ဆုံး ပထမဆုရတဲ့ အသင်းတွေက ပါဝင်ယှဉ်ပြိုင်တာပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးရဲရင့်ဝင်းက ပြောသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်နှင့် ဆက်စပ်မှုရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နောက်တစ်ခုက တိုင်းဒေသကြီးမှာရှိတဲ့ ပညာရှင်အသီးသီးဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုရှိပြီးတော့ အဆက်အသွယ်ရရှိအောင် ကျင်းပတာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။