အက်ဒ်ဝပ်စနိုးဒင်ကို Twitter တွင် follow ပြုလုပ်သူ တစ်သန်းရှိလာ

SnowdenScreen-SH-foxnews-2015oct1.jpg

NSA ၏လျို့ဝှက်ချက်များကို ဖွင့်ချသူ အက်ဒ်ဝပ်စနိုးဒင်သည် Twitter ကို စတင်အသုံးပြုသည့် ၂၄ နာရီအတွင်း follow ပြုလုပ်သူ ၁ သန်းရှိလာကြောင်း သိရသည်။

စနိုးဒင်သည် ပြီးခဲ့သည့် အင်္ဂါနေ့က ပထမဆုံး tweet ကိုတင်ခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မနက်တွင် follow ပြုလုပ်သူ ၁.၀၃ သန်းအထိ ရှိခဲ့သည်။

စနိုးဒင်အနေဖြင့် @NSAGov ဟူသည့် twitter account တစ်ခုကိုသာ follow  ပြုလုပ်ထားသည်။ “အခုအချိန်မှာ Fort Meade က လူထောင်ပေါင်းများစွာ Twitter ကိုစပြီး အသုံးပြုနေကြပါပြီ”ဟု စနိုးဒင်က နောက်ပြောင်ကျီစယ်သည့် tweet ကို တင်ခဲ့သည်။ မေရီလန်းပြည်နယ်ရှိ  Fort Meade မှာ NSA ဌာနချုပ်တည်ရှိရာကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

စနိုးဒင်၏ Twitter profile တွင်ယခင်က အစိုးရအတွက် အလုပ်လုပ်ခဲ့ကြောင်း၊ လက်ရှိတွင် ပြည်သူများအတွက် အလုပ်လုပ်ကြောင်း ရေးသားထားသည်။ ထို့အပြင် ၎င်းသည် Freedom of the Press Foundation မှ ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။

Ref: FoxNews