ကုမ္ပဏီ၏ ပထမဆုံး tablet အဖြစ် Pixel C ကို Google ထုတ်ဖော်မိတ်ဆက်

Google-Pixel-C-SH-venturebeat-2015oct1-.jpg

Google သည် tablet ဈေးကွက် ကျဆင်းနေခြင်းကို ပြန်လည်နှိုးထနိုင်သည့် လုပ်ငန်းခွင်သုံး Pixel C ဟုအမည်ရသည့် ထုတ်ကုန်ကို မိတ်ဆက်ခဲ့သည်။

Google သည် ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဖြုတ်နိုင်၊ တပ်နိုင်သော keyboard ပါဝင်သည့် မျက်နှာပြင် အရွယ်အစား ၁၀.၂ လက်မ Pixel C ( “C” ၏ အဓိပ္ပာယ်မှာ convertible) ကို မိတ်ဆက်ခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ computing မျိုးဆက်သစ်နဲ့ ခေတ်မီဆန်းသစ်မှုတွေနဲ့ ရှေ့ရောက်ဖို့ ကြိုးစားနေပါတယ်။ အဲလိုဖြစ်လာအောင် ကျွန်တော်တို့ hardware တည်ဆောက်သွားပါမယ်။ ဒါမှပဲ ecosystem ကို ရှေ့ရောက်အောင် လမ်းညွှန်နိုင်မှာပါ” ဟု Google အမှုဆောင် အရာရှိချုပ် ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။ သတ္တုကိုယ်ထည်ဖြင့် ဖန်တီးထားသော Pixel C tablet တွင် Android operating system  အ သုံးပြုထားသလို Nvidia Tegra Xi eight-core  ပရိုဆက်ဆာအပြင် memory 3GB အသုံးပြုထားကြောင်း Google ထုတ်ကုန်စီမံခန့်ခွဲမှု ဒါရိုက်တာ အန်ဒရှုးဘောင်ဝါက ပြောဆိုခဲ့သည်။ ထို့အပြင် အဆိုပါ tablet တွင် သံလိုက်ဖြင့် ချိတ်ဆက်အသုံးပြုရသည့် keyboard ပါဝင်လာပြီး  အလွယ်တကူထောင်ကာ အသုံးပြုနိုင်သည့် stand အဖြစ်လည်း အသုံးပြုနိုင်သည်။ Pixel C ကို storage 32GB ကို ကန်ဒေါ်လာ ၄၉၉ နှင့် 64GB ကိုကန်ဒေါ်လာ ၁၄၉ ဖြင့် အားလပ်ရက်များအတွင်း  ရောင်းချပေးသွားမည် ဖြစ်သည်။

Google ၏ ပထမဆုံး ထုတ်လုပ်ခဲ့သည့် Pixel တံဆိပ်ထုတ်ကုန်များသည် အရည်အသွေးမြင့် touchscreen laptop များဖြစ်သည်။ ၎င်းထုတ်ကုန်များတွင် Google ၏ အွန်လိုင်းအခြေပြု Chrome OS ကိုသာ အသုံးပြုထားသည်။

Ref : CNET