OPPO R7 Lite ပြည်တွင်း ဈေးကွက်သို့ ရောက်ရှိ

OPPO-R7-Lite_TKK_Gsmarena_News_1Oct2015.jpg

OPPO မှအသစ် ထုတ်လုပ်ဖြန့်ချိသော R7 Lite စမတ်ဖုန်းအား ပြည်တွင်းဈေးကွက်တွင် ဝယ်ယူရရှိ နိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ R7 Lite စမတ်ဖုန်းမှာ OPPO နှင့် We Chat တို့အတူ ပူးပေါင်းပြုလုပ်သည့် ကံစမ်းမဲ အစီအစဉ်တွင် ဆုမဲအဖြစ်ပေးရန် ကြေညာထားသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ကံစမ်းမဲအစီစဉ်မှာ မပြီးဆုံးသေးသော်လည်း ပြည်တွင်းရှိ အသုံးပြုလိုသူများအတွက် ဦးစွာရောင်းချ ပေးခြင်းဖြစ်ကြောင်း သိရသည်။

”ကံစမ်းမဲကာလကတော့ နိုဝင်ဘာ ၁၅ မှပြီးမှာပါ။ ကံစမ်းမဲ ကာလပြီးဆုံးရင် ဆုရသူတွေကို R7 Lite ချီးမြှင့်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ခုလက်တလောမှာ ပြည်တွင်းက အသုံးပြုချင်တဲ့သူတွေ အရင်ဆုံးဝယ်ယူနိုင်အောင် ဈေးကွက်ကို စပြီးတင်သွင်းရောင်းချ ပေးသွားမှာပါ” ဟု OPPO မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

R7 Lite   မှာ  ပုံစံဒီဇိုင်းလှပသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး  OPPO ၏ ထူးခြားပါးလွှာသော ပုံစံဒီဇိုင်းနှင့် ရှေ့ Screen အခုံးပုံစံ ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။ သတ္တုကိုယ်ထည် ဖွဲ့စည်းတည်ဆောက်မှုဖြစ်ပြီး Gesture Sensor များကောင်းမွန်သော ဖုန်းဖြစ်သည်။ ၎င်းဖုန်းတွင် Quad-core 1.5 GHz နှင့် quad-core 1.0 GHz တို့ကို ထည့်သွင်းထားသော Octa-core CPU ကိုအသုံးပြုထားပြီး AMOLED Screen, မှတ်ဉာဏ် 16GB, 2GB RAM, 13 Mega Pixel နောက်ဘက်ကင်မရာနှင့် 8  Mega Pixel ရှေ့ကင်မရာများ ပါဝင်လာမည် ဖြစ်သည်။ အဆိုပါဖုန်းအား တန်ဖိုး ၃၃၉,၀၀၀ ကျပ် ဝန်းကျင်ဖြင့် OPPO အရောင်းကောင်တာများတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။