BTEC မှချီးမြှင့်သော Level 5 HND in Business ဘာသာရပ်တွင် Pearson Medallion Award ဆုကိုရရှိခဲ့သော မခင်စန္ဒာလှမြင့်၏ Student Life

20150704_105327-1.jpg

ဒီအပတ်မှာတော့ BTEC မှချီးမြှင့်တဲ့ Level 5 HND in Business ဘာသာရပ်မှာ Pearson Medallion Award ဆုကိုရရှိခဲ့တဲ့ မခင်စန္ဒာလှမြင့်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အမည်နဲ့ လက်ရှိတက်ရောက်နေတဲ့ကျောင်းကို သိပါရစေ။

ညီမနာမည် မခင်စန္ဒာလှမြင့်ဖြစ်ပါတယ်။ ညီမလက်ရှိ တက်ရောက်နေတာကတော့ Myanmar Imperial College မှာ Bachelor of Management ကိုတက်ရောက်နေပါတယ်။

ဒီဘာသာရပ်ကို ဘာကြောင့်ရွေးချယ်ခဲ့သလဲ။

ညီမက အထက်တန်းကို ISM မှာပြီးခဲ့တာဆိုတော့ အဲဒီမှာကမြန်မာကျောင်းလိုမျိုး Bio, Eco ရွေးဖို့မလိုဘူး။ ညှပ်တက်လို့ရတယ်။ Eco ဘာသာယူနေပြီးတော့ Engineering ကိုလည်း တက်လို့ရတယ်။ အဲဒီတော့ ညီမက နှစ်ခုစလုံးကိုယူခဲ့တယ်။ နိုင်ငံခြားသွားရမှာ မသေချာလို့၊ ပြီးတော့ အိမ်ကအလုပ်ကလည်း Business နဲ့သက်ဆိုင်လို့ ဒီဘာသာရပ်ကို ရွေးချယ်ခဲ့တာပါ။

ဒီဘာသာရပ်ကိုတက်ဖို့ ဘာကြောင့် MIC ကိုရွေးချယ်ခဲ့တာလဲ။

ညီမက Bachelor အထိထပ်တက်ချင်တာဆိုတော့ ကျောင်းတွေရွေးရင်းနဲ့ အရှေ့ကတက်ခဲ့တဲ့အစ်ကိုတွေကလည်းရှိတော့ အဲ့ဒါကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါ။ ပြီးတော့ MIC က HND  ပြီးသွားရင်တခြားကျောင်းတွေနဲ့ မတူဘဲ ပြည်တွင်းမှာပဲတိုက်ရိုက်တက်ရုံနဲ့ UK, University of Northampton ကတိုက်ရိုက် ပေးအပ်တဲ့ဘွဲ့ကိုရရှိမှာဖြစ်တဲ့ အတွက် အချိန်လည်း ကုန်တာသက်သာစေနိုင်သလို ငွေကြေးလည်းအကုန်အကျ သက်သာတာကိုတွေ့ရပါတယ်။

BTEC  ကချီးမြှင့်တဲ့ Level  5 HND in  Business  ဘာသာရပ်မှာ Pearson Medallion Award ဆုရရှိအောင်ကြိုးစားခဲ့ပုံကို ရှင်းပြပေးပါဦး။

၁၆ ဘာသာစလုံး ဂုဏ်ထူးထွက်မယ် ဆိုတာတော့ အစကတော့ ရည်မှန်းချက် ရှိပါတယ်။ ပြီးတော့ MIC က ညီမတို့ရဲ့ Senior Students တွေကို award ပေးတာတွေကို အားကျစိတ် ဖြစ်မိပြီး သူတို့လိုမျိုးကြိုးစားရင် ညီမလည်းဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ကြိုးစားခဲ့ပါတယ်။ ပြီးတော့ ညီမ သူငယ်ချင်းတွေကလည်း နိုင်ငံခြားမှာ ကျောင်းတက်နေတာ ဆိုတော့ သူတို့ကလည်း ဘယ်ကျောင်းမှာ တက်နေတာဆိုတဲ့ အကြောင်းကိုပြောတော့ ညီမကလည်း ဘာမှပြောစရာ မရှိတော့ ကိုယ်သာ တစ်ခုခု ထူးချွန်ရင်ပြန်ပြောနိုင်မယ်ဆိုတဲ့စိတ်ကြောင့်လည်း ကြိုးစားခဲ့တာပါ။ တစ်နှစ်ခွဲဆိုတဲ့အချိန်မှာ ၁၆ ဘာသာစလုံး ဂုဏ်ထူးထွက်ပါ့မလားဆိုပြီး စိတ်က အရမ်းစဉ်းစားခဲ့တယ်။ ဒါပေမဲ့ ရအောင်တော့ကြိုးစားခဲ့တယ်။ ပြီးတော့ ဆရာမတွေကိုမေးပြီး လေ့လာရင်းနဲ့ပဲ တစ်ဘာသာပြီး တစ်ဘာသာ ဂုဏ်ထူးထွက်ခဲ့ရတာပါ။

ဒီဆုကိုရရှိခဲ့တဲ့အတွက် ဘယ်လိုခံစားရသလဲ။

ကိုယ်က လိုချင်ဇောနဲ့ကြိုးစားခဲ့တဲ့အတွက်ကြောင့် ဒီဆုကိုရရှိခဲ့တာပါ။ မိဘကလည်း ကိုယ့်ကို နိုင်ငံခြားမလွှတ်တဲ့အတွက် ကိုယ်ကလည်း လုပ်နိုင်စွမ်း ရှိတယ် ဆိုတာကို သက်သေပြချင်တဲ့အတွက်ကြောင့်လည်း ကြိုးစားခဲ့ခြင်းကြောင့်လည်း ဒီဆုကိုရခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။ ပြီးတော့ကျောင်း အတွက်လည်း ပိုပြီးတော့ဂုဏ်ဆောင်နိုင်တဲ့အတွက် အရမ်းပျော်ရွှင်ခဲ့ရပါတယ်။

HND in Business ဘာသာရပ်နဲ့ပတ်သက်တဲ့ MIC ရဲ့သင်ကြားမှုပုံစံကိုလည်း သိပါရစေ။

ညီမ Pearson Medallion Award ဆုရရှိအောင် MIC ကဆရာ၊ ဆရာမတွေရဲ့အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။ အထူးသဖြင့် Assignment တွေ၊ Lectures တွေနားမလည်တဲ့အခါ စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့တဲ့ ဆရာ၊ ဆရာမတွေ၊ discussion လုပ်ရတဲ့အချိန်မျိုးတွေလည်း ရှိတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေက ဒီတိုင်းပဲသင်သွားတာ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်လေ့လာရတာမျိုးကို ပြုလုပ်ခိုင်းတယ်။ ကိုယ်က ကိုယ့်အတွေ့အကြုံတွေနဲ့ Assignment တွေမှာ ပြန်ထည့်ရေးရတာမျိုးတွေ ရှိတယ်။ Theory ပိုင်းပဲမဟုတ်ဘဲ Application တွေကိုပါ ဆရာ၊ ဆရာမတွေက ညှပ်ညှပ်ပြောတယ်။ အဲဒီတော့ ကိုယ်ကလေ့လာချင်ရင် ဆက်လေ့လာ၊ အဲဒါနဲ့မှ ကိုယ်ကပိုပြီးတော့နားလည်လာတယ်။ နားလည်လာတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်ကပြန်ချိတ်ဆက်မိတော့ ပိုမှတ်မိသွားတယ်။

MIC မှာတက်ရင်းနဲ့ တခြားအောင်မြင်မှုတွေရှိခဲ့ရင်လည်း ပြောပြပေးပါဦး။

အဓိကအောင်မြင်မှုတစ်ခုအနေနဲ့ မလေးရှားမှာပြုလုပ်တဲ့ MayBank GoAhead Challenge မှာ မြန်မာနိုင်ငံ ကိုယ်စားပြုကျောင်းသူ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 2nd Runner up Award, Most Popular Challenger Award, Most Popular Team Award တို့ကိုရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲက နိုင်ငံတကာကျောင်းသားတွေ၊ UK, USA တို့ကကျောင်းသားတွေလည်း ပါတယ်။ Business အပိုင်းချည်းမဟုတ်ဘဲ Sport တွေ၊ အခြား Activites တွေအများကြီးပြိုင်ရတာပါ။

HND in Business ဘာသာရပ်နဲ့ပတ်သက်ပြီး လေ့လာချင်တဲ့ကျောင်းသားတွေ အတွက် အကြံပြုစကားပြောပြပေးပါဦး။

ကျောင်းမှဆိုရင်တော့ Theory ကို သေချာနားလည်အောင် လေ့လာဖို့လိုပါတယ်။ Theory  တိုင်းကတော့ လက်တွေ့မှာတကယ် အကောင်အထည် ပေါ်နေ တာတော့ မဟုတ်ဘူး။ ကျောင်းမှာ သင်တဲ့ဟာနဲ့ ကိုယ်အလုပ်လုပ်မယ့် နိုင်ငံ၊ ကိုယ်အလုပ်လုပ်မယ့် Market နဲ့ဆက်စပ်ကြည့် လိုက်လို့ ရှိရင် ကိုယ်ရဲ့ ရှေ့ရေး၊ ကိုယ်တကယ် Business လုပ်တဲ့ အချိန်ကျရင်လည်း ပိုပြီးတော့ အထောက်အကူပြုအောင်   လေ့လာစေချင်တယ်။ စာတွေ့၊ လက်တွေ့ကို တစ်ခါတည်း တစ်စိုက်မတ်မတ် လေ့လာစေချင်ပါတယ်။

ဒီဘာသာရပ်ပြီးမြောက်တဲ့အခါ ဘယ်လိုဘာသာရပ်တွေကို ဆက်ပြီး လေ့လာသင့်သလဲ။

အခု ညီမက Bachelor ပြီးဖို့အတွက် ၈ လကျန်သေးတယ်ဆိုတော့ ဒီဟာပြီးရင်တော့ MBA ဆက်တက်ဖို့တော့ စဉ်းစားထားပါတယ်။ ဒါပေမဲ့ ကြားထဲမှာတော့  အလုပ်အတွေ့အကြုံ အရင်ယူပြီးတော့မှ  Master  ဆက်တက်ဖို့ရှိတယ်။   တကယ်အချိန်ရတယ်ဆိုရင်တော့ Master ကိုတန်းတက်မှာပါ။