HP Pavilion x2 (2015)

HP-Pavilion-x2-SH-darty-2015oct1-copy.jpg

USD – 299.99

HP ၏ Pavilion x2 ဒီဇိုင်းပိုင်းသည် အလွန်ခေတ်မီသည်။ ၎င်း hybrid ထုတ်ကုန်ကို အဖြူ၊ အနီနှင့် ငွေရောင်ဟူ၍ ထုတ်လုပ်ထားသည်။ Pavilion x2 ၏ မျက်နှာပြင်အရွယ်အစားမှာ ၁၀.၁ လက်မဖြစ်ပြီး  ရုပ်ထွက်အရည်အသွေးမှာ 1,280 x 800 သာရှိသည်။ ထို့ကြောင့် အင်တာနက် အသုံးပြုခြင်းနှင့် စာဖတ်ရာတွင် သင့်တော်သည်။ အဆိုပါ display တွင် IPS နည်းပညာကို အသုံးပြုထားသောကြောင့် ရုပ်ထွက်မှာ ဝေဝါးခြင်း မရှိပေ။

HP သည် ကွန်ပျူတာများအတွင်း Beats audio အမှတ်တံဆိပ်နှင့် နည်းပညာအသုံးပြုခွင့် မူပိုင်ခွင့်များ ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် HP သည် အသံပိုင်းဆိုင်ရာအတွက် Bang & Olufsen နှင့် ပူးပေါင်းခဲ့သည်။ သို့ရာတွင် HP Pavilion x2 တွင်ပါဝင်သည့် B&O ၏ စပီကာမှာ အခြားတန်ဖိုးနည်း ထုတ်ကုန်များထက် အသံပိုင်းဆိုင်ရာ အားနည်းသည်။

HP Pavilion x2 တွင် Intel ၏ နောက်ဆုံးပေါ် Atom ချစ်ပ်များ ပါဝင်သည်။ ၎င်း၏ RAM မှာ 2GB ဖြစ်ပြီး တန်ဖိုးနည်း hybrid ထုတ်ကုန်တစ်ခု ဖြစ်သောကြောင့် အခြေခံကျသည့် သတ်မှတ်ချက်များသာ အသုံးပြုထားသည်။ အခြားတန်ဖိုးနည်း hybrid နှင့် laptop များကဲ့သို့ x2 သည်အင်တာနက် အသုံးပြုခြင်း၊ HD ဗီဒီယိုကြည့်ရှုခြင်းနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် ထုတ်လုပ်ထားသည်။ HP Pavilion x2 တွင် Windows 10 (32 bit) operating system ကို အသုံးပြုထားပြီး storage မှာလည်း 32GB flash memory ပါဝင်လာသည်။

အားသာချက်

HP မှ အဆင့်မြှင့်တင်ထားသော Pavilion x2 တွင် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းသစ်ပါဝင်လာသည်။ ထို့အပြင် keyboard မှာ ပိုမိုကောင်းမွန်လာပြီး  tablet နှင့် keyboard ချိတ်ဆက်နိုင်သည့် သံလိုက်မှာလည်း ပိုမိုကြံ့ခိုင်လာသည်။

အားနည်းချက်

၎င်း hybrid ထုတ်ကုန်တွင် ပါဝင်သည့် Bang & Olufsen အမှတ်တံဆိပ်မှာ အလွန်ထင်ရှားသလို စပီကာပေါက်များမှာ သိသာလွန်းသည်။ သို့သော်လည်း စပီကာမှာ ပါးလွှာပြီး အသံပိုင်းဆိုင်ရာမှာ အားနည်းလျက်ရှိသည်။ ထို့အပြင် desktop အတွင်း ကြော်ငြာ link များဖြင့် ပြည့်နှက်နေသလို ဘက်ထရီ သက်တမ်းမှာလည်း တိုတောင်းသည်။

ဘက်ထရီ

HP Pavilion x2 ဖြင့် ဗီဒီယိုများကို ၇ နာရီ ၃၆ မိနစ်ဖြင့် ကြည့်ရှုနိုင်သည်။ ၎င်း၏ ဘက်ထရီသက်တမ်းမှာ အွန်လိုင်းဖြင့် အလုပ်လုပ်ခြင်း သို့မဟုတ် ဗီဒီယိုများ streaming ကြည့်ရှုရာတွင် တာရှည်ခံခြင်း မရှိကြောင်း သိရသည်။

-Ref: CNET