Windows 10 Login Screen တွင် Custom Message ထည့်သွင်းခြင်း

cover.jpg

Windows 10 အသုံးပြုသည့် Laptop များ မတော်တဆ မေ့ကျန် ပျောက်ဆုံးခဲ့တဲ့အခါမှာ အဆိုပါ Laptop ကို ကောက်ရမိသူများ မိမိထံကို ပြန်လည်ပေးအပ်နိုင်ရန်အတွက် Windows 10 Login Screen မှာ Custom Message ကိုထည့်သွင်းထားနိုင်ပါတယ်။ အဆိုပါ Custom Message မှာ ပျောက်ဆုံး သွားတဲ့ Laptop ကို ပြန်လည်ပေးအပ်နိုင်ရန်အတွက် မိမိထံ ဆက်သွယ်ရမယ့် လိပ်စာများ ဖုန်းနံပါတ်များ ကို ထည့်သွင်း ထားနိုင်ပါတယ်။

Windows 10 Login Screen မှာ Custom Message ထည့်သွင်းမယ်ဆိုရင် Registry ကနေ သွားရောက် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ပထမဆုံး Run box ကို ဖွင့်လိုက်ပါ။ Run Box တက်လာပြီဆိုရင် Regedit ဆိုတဲ့ Command ကိုရိုက်ထည့်ရပါမယ်။ Registry Editor box ကျလာရင် HKEY_LOCAL_MACHINE > Software > Microsoft > Windows > Current Version > Policies > System ဆိုတဲ့ လမ်းကြောင်း အတိုင်းသွားရပါမယ်။ System ရဲ့ ညာဘက် panel ထဲမှာ “legalnoticecaption” ဆိုတဲ့ ဖိုင်ကို Double Click နှိပ်လိုက်ပါ။ Value Data နေရာမှာ Custom Message ရဲ့ Title ကိုထည့်သွင်းရေးသားပေးရမှာဖြစ်တဲ့အတွက် နှစ်သက်ရာ ထည့်သွင်းရေးသားနိုင်ပါတယ်။

ပြီးရင် Ok ကို နှိပ်လိုက်ပါ။ နောက်တစ်ဆင့်ကတော့ ကိုယ့်ကို ဆက်သွယ်နိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်တို့ ထည့်သွင်း ရန်အတွက် “legalnoticetext” ဆိုတဲ့ ဖိုင်ကို Double Click နှိပ်လိုက်ပါ။ Value Data နေရာမှာ ကိုယ့်ကို ဆက်သွယ်နိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ထည့်သွင်းပေးထားနိုင်ပါတယ်။ ပြီးသွားရင်တော့ Ok Button ကို နှိပ်ပြီး ထွက်လိုက်ပါ။

အထက်ပါအဆင့်တွေပြီးသွားပြီဆိုရင် PC ကို Restart ပြုလုပ်မှသာ အဆိုပါ Custom Message ဖန်တီး ပြုလုပ်ထားတဲ့ လုပ်ငန်းစဉ်ဟာ အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ PC Reboot ဖြစ်တဲ့ အချိန်မှာ User Name, Password ဆိုတဲ့ လုပ်ငန်းစဉ်နေရာကိုမရောက်ခင်မှာ အဆိုပါ Custom Message ကိုတွေ့ မြင် နိုင်မှာဖြစ်ပါတယ်။

Ref: Lifehacker