LEGO BATMAN 3: BEYOND GOTHAM

bm3_keyart_hr_rgb_1as_fullsz-_eng-jpg.jpg

Developer Traveller’s Tales ရဲ့ Lego games တွေဟာ ၂၀၀၅ မှာကတည်းက Lego Star Wars ဂိမ်းကြောင့် လူငယ်ရောလူကြီးများကြားမှာပါ ခေတ်စားခဲ့ပါတယ်။ အရုပ်ဆက်ကစားရတဲ့ Lego ရုပ်ပရိသတ်နှင့် Star Wars ပရိသတ်တွေရဲ့အားပေးမှုကြောင့် Lego Star Wars ဂိမ်းနှစ်ခွေ ထွက်အပြီးမှာတော့ Lego Harry Potter, Lego Pirates of the Caribbean နဲ့ Lego Indiana Jones အစရှိတဲ့ Lego ဂိမ်းပေါင်း များစွာဟာ gaming platforms တိုင်းနီးပါးမှာ ထွက်ရှိလာတာ တွေ့ရမှာပါ။ Developer Traveller’s Tales ရဲ့ Lego ဂိမ်းတွေကို အမှတ်တမဲ့ကြည့်လိုက်ရင် ကလေးတွေ ကစားဖို့အဓိက ရည် ရွယ်ပြုလုပ်ထားတယ် ထင်ရပေမယ့် Lego ဂိမ်းတွေရဲ့ puzzle ပိုင်းဟာ God of War တို့၊ Prince of Persia တို့လို Physics-based Platforming Puzzle တွေ၊ Silent Hill ဂိမ်းတွေကလို Logicbased Puzzle တွေထက်တောင် ပိုခေါင်းစားရတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့လည်း တစ်ယောက်တည်း ခေါင်းစားစရာမလိုဘဲ သူငယ်ချင်းတွေနဲ့အတူတူ ခေါင်းစားနိုင်အောင် Lego ဂိမ်းတွေမှာ Local နှင့် On-line multiplayer co-op mode တွေကို ထည့်သွင်းပေးထားပါတယ်။

အရင်က အသံသရုပ်ဆောင်ပိုင်း voice acting မပါဝင်ဘဲ ရယ်စရာအသံလေးတွေသာ ပါဝင်ပေမယ့် Lego Batman 2 နောက်ပိုင်းကစပြီး Lego Marvel Heroes နှင့် Lego The Hobbits တို့လို ဂိမ်းတွေမှာ voice
acting တွေပါဝင်လာပါတယ်။ Lego Batman 3 ကတော့ ကိုင်တွယ်လို့ရမယ့် playable DC Comics Heroes နှင့် Villains ဇာတ်ကောင်ပေါင်း ၁၅၀ ကျော်တောင်ပါဝင်တဲ့ characters အများဆုံးဂိမ်းတစ်ခုဖြစ်
တာတွေ့ရမှာပါ။ Lego Batman 3 ဟာ Beyond Gotham လို့ အမည်ပေးထားတဲ့အတိုင်း Gotham မြို့ရော ကမ္ဘာပေါ်မှာသာမကဘဲ အာကာသအတွင်းက ဂြိုဟ်ပေါင်းများစွာကိုပါ သွားရောက်ကစားရမှာဖြစ်ပြီး DC Comics ရဲ့ Cosmic Storyline တွေမှာ အမြဲပါဝင်လေ့ရှိတဲ့ Green Lantern Corps၊ Sinestro Corps, Star Sapphires, Red Lantern Corps နှင့် Indigo Tribe အစရှိတဲ့ အဖွဲ့များမှ ဇာတ်ကောင်တွေ ပါဝင်ထားသလို Superman, Wonder Woman နှင့် Martian Manhunter အစရှိသော Justice League အဖွဲ့ဝင်တွေဟာ ဂြိုဟ်တွေကို အရွယ်အစားသေးငယ်အောင်ပြုလုပ်ပြီး  လိုက်သိမ်းပိုက်နေတဲ့ Brainiac နှင့် Lex Luthor ခေါင်းဆောင်တဲ့ Legion of Doom လူဆိုးအဖွဲ့ကို အဓိကရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအသစ်တက်ဖို့အတွက် puzzle မျိုးစုံကိုဖြေရှင်းရမှာဖြစ်သလို ရန်သူတွေကို နှိမ်နှင်းရန်အတွက်ရော၊ puzzle ဖြေရှင်းရန်အတွက်ပါ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ special ability တွေ
လိုအပ်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Superman မှာဆို heat vision၊ Black Canary မှာဆို Sonic Blast နှင့် Wonder woman မှာဆို အဝေးကို လှမ်းဆွဲဖမ်းနိုင်တဲ့ Lasso အစရှိတဲ့ ကိုယ်တိုင်စွမ်းရည်နှင့် လက်နက်များ ပါဝင်ပါတယ်။ ထုံးစံအတိုင်း Lego တုံးလေးတွေ လိုက်ဆောက်ပြီး items မျိုးစုံဖန်တီးနိုင်မှာပါ။ ဂြိုဟ်တွေနဲ့ အချို့ level တွေကို Hub World ဖြင့် ချိတ်ဆက်ထားပြီး နေရာအများစုကိုတော့ Open World ပုံစံ သွား လာနိုင်ပါတယ်။ Graphics ပိုင်းကြည့်မယ်ဆိုရင်လည်း Lego တုံးလေးတွေပဲမို့လို့ တစ်ဂိမ်းနှင့်တစ်ဂိမ်း အရမ်းကြီးကွာလိမ့်မယ်လို့ မထင်ရပေမယ့် Lego Batman 3 မှာ နောက်ခံရှုခင်းတွေ ဒီဇိုင်း
ပိုကောင်းအောင် ရေးဆွဲထားသလို Lego တုံးလေးတွေကို lighting နှင့် shadow effect တွေ ပိုထည့်ထားလို့ အရင်ထက်ပိုပြီး အသက်ဝင်ရုပ်လုံးကြွနေတာ တွေ့ရပါတယ်။

အရင် Lego ဂိမ်းတွေတုန်းက main game ထွက်ပြီးရင် နောက်ဆက်တွဲ story DLC တွေထွက်လေ့မရှိပေမယ့် Lego Batman 3: Beyond Gotham အတွက်တော့ အခကြေးငွေနဲ့ဝယ်ယူနိုင်မယ့် DLC
(downloadable content) နှင့် season pass တွေ ထွက်ရှိလာမယ်လို့ ကြော်ငြာထားပါတယ်။ Lego Batman 3 ဂိမ်းရဲ့ ပင်မဇာတ်လမ်းထဲက အခန်းတွေကို ချန်ထားပြီး DLC အဖြစ် ပြန်ရောင်းတဲ့
ပုံစံမဟုတ်ဘဲ DC Comics ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေထဲက ဇာတ်ဝင်ခန်းတွေမှာ ဝင်ရောက်ကစားနိုင်မယ့် story missions သစ်တွေဖြစ်တယ်လို့ သိရှိရပါတယ်။ Man of Steel ရုပ်ရှင်ဇာတ်လမ်း၊ Christopher Nolan ရဲ့ Dark Knight Trilogy ရုပ်ရှင်သုံးကားနဲ့ Arrow ဇာတ်လမ်းတွဲ missions တွေမှာ ကစားနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာလည်း Gotham နှင့် The Flash လို TV ဇာတ်လမ်းတွဲထဲက missions သစ်တွေလည်း ထွက်လာနိုင်ပါသေးတယ်။

Lego Batman 3: Beyond Gotham ဟာ အရင် Lego ပရိသတ်ရော၊ ရက်စက်ပြီး violent ဖြစ်တဲ့ ဂိမ်းတွေကနေ အပြောင်းအလဲတစ်ခုအဖြစ် ကစားလိုတဲ့ gamers တွေအတွက်ပါ သင့်တော်တဲ့ Open World Action Adventure ဂိမ်းတစ်ခု ဖြစ်ပါတယ်။
-နေအောင်လတ်
(mmgamers.com)