ILOVFA A-16 ဖုန်းကို အထူးအစီအစဉ်ဖြင့် ရောင်းချ

iLoveFa-KMT-online-product-2015SEP24.jpg

တန်ဖိုး သက်သာသော ILOVFA A-16 ဖုန်းကို အထူးအစီအစဉ်များဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း Mobistar Mibile (မန္တလေး) မှ သိရသည်။ ချက်ချင်းဖောက် ကံစမ်းမဲစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အထူးဆု ၁ သိန်း (ဆုမဲပေါင်း ၁၀၀)၊ ပထမဆု ၅ သောင်း (ဆုမဲပေါင်း ၄၀၀) အပါအဝင် အခြားနှစ်သိမ့်ဆုများ ပါဝင်သည်ဟု သိရသည်။ ILOVFA A-16 မှာ ၄ လက်မ စကရင်နှင့်ဖြစ်ပြီး Android v4.4.2 OS ကို ထည့်သွင်း အသုံးပြုထားသည်။ 3MP ရှိသည့် ကင်မရာနှင့် 1.3MP ရှိသည့် ကင်မရာများ ပါဝင်သည်။ GSM/ WCDMA လိုင်းကတ် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဘက်ထရီ အပိုတစ်လုံးလည်း ပါဝင်လာသည်။ တန်ဖိုးမှာ ၄၆,၀၀၀ ကျပ်ဖြစ်ပြီး MOBISTAR မန္တလေး၊ ၃၁ လမ်း၊ ၈၀ x ၈၁ ကြား၊ ဖုန်း ၀၉-၇၃၉၀၃၇၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။