ဘောလုံးဂိမ်းသစ် PES 2015 ဝင်ရောက်

Konami ၏ နာမည်ကျော် Sports ဂိမ်းဖြစ်သော Pro Evolution Soccer 2015 (Asia Version အမည် Winning Eleven 2015) ကို PC, PS3, Xbox360, PS4 နှင့် Xbox One တို့တွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Fox Engine ကို အသုံးပြုထားပြီး graphics ပိုင်း ပိုမိုကောင်းမွန်လာသည့် PES 2015 တွင် Behavioural Patterns အမည်ရ features သစ်ဖြင့် licensed ကစားသမား ၁ဝဝဝ ကျော်၏ လှုပ်ရှားမှုများနှင့် ကစားဟန်များကို သဘာဝကျအောင် ထည့်သွင်းထားသလို lighting effect နည်းပညာသစ်ဖြင့် ကစားကွင်းနှင့် ဘောလုံးကွင်းပြင်အတွင်းရှိ အလင်းအမှောင်၊ လှုပ်ရှားမှုများကို သဘာဝအကျဆုံးဖြစ်အောင် ဖန်တီးထားကြောင်း သိရှိရသည်။

Pro Evolution Soccer 2015 နှင့်အတူ နောက်ဆုံးထွက်ဂိမ်းသစ်များကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅ဝ နှင့် ၀၉-၄၅ဝဝ၄၁၅ဝဝ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။