MPT အရောင်းဆိုင်ပေါင်း ၁၀၀ ကျော်ဖွင့်ရန် စီစဉ်

11737924_695454437221972_8743954306887110215_n.jpg

MPT အရောင်းဆိုင်ပေါင်း ၁၀၀ ကျော်ဖွင့်ရန် စီစဉ်လျက်ရှိကြောင်း MPT/KDDI/Sumitomo Corporation တို့၏ Joint Operation CEO ဖြစ်သူ Mr Takashi Nagashima က ပြောသည်။

MPT အရောင်းဆိုင်ပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ရန် စီစဉ်ထားပြီး နောက်ပိုင်း ရှိသင့်သောနေရာတိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

“မြို့နယ်တစ်ခုမှာ တစ်ဆိုင်စီလောက် ရှိသင့်တယ်” ဟု ဆက် လက်ပြောကြားသည်။

အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦး ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်၌ ငါးဆိုင်၊ မန္တလေး၌ သုံးဆိုင်၊ နေပြည်တော်၌ နှစ်ဆိုင် ဖွင့်ရန် စီစဉ်ထားပြီး နောက်ပိုင်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်နေရာနှစ်ဆိုင်စီ ဖွင့်သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ခရိုင်မြို့ကြီးများတွင်ပါ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ဖူးသည်။

MPT ၏ ထုတ်ကုန်များအပြင် MPT နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Brand Shop များတွင် MPT မှထုတ်သော ထုတ်ကုန်များ (ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်) များကို တိုက်ရိုက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆိုင်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် အသီးသီးဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။