Mac OS X ပေါ်မှ Java အား Uninstall ပြုလုပ်ခြင်း

ht-2.jpg

Java ကို Mac OS X ပေါ်ကနေ Uninstall ပြုလုပ်ချင် သူများအတွက် အောက်ဖော်ပြပါ အတိုင်း ပြုလုပ် နိုင်ပါတယ်။ Java မှာ လုံခြုံရေးဟာကွက် အနည်းအကျဉ်းရှိတာကြောင့် သုံးစွဲသူများ အနေနဲ့ Java ကို ဆက်လက်ထည့်သွင်း ထားခြင်းမရှိ လိုတဲ့အခါမှာ အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

Mac OS ပေါ်မှာ ကနေ Java Runtime ကို Uninstall ပြုလုပ်ဖို့အတွက် Terminal ကိုဖွင့်လိုက်ပါ။ ပြီးသွားရင်ဖော်ပြပါ Command တွေကို Terminal ထဲကို Copy / Paste ပြုလုပ်ပြီး ထည့်သွင်းလိုက်ပါ။ အသုံးပြုရမယ့် Command တွေကတော့ –
sudo rm -fr /Library/Internet\ Plug-Ins/JavaAppletPlugin.plugin
sudo rm -fr /Library/PreferencePanes/JavaControlPanel.prefpane

အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင်တော့ Admin access ရရှိနိုင်ဖို့အတွက် Password ထည့်သွင်းပေးရပါမယ်။ ပြီးသွားရင်တော့ System Preferences မှာရှာကြည့်လိုက်ရင် Java Runtime Icon ကိုတွေ့မြင်ရတော့မှာမဟုတ်ပါဘူး။

Java Development Kit (JDK) ကို Uninstall ပြုလုပ်ချင်သူတွေအတွက်ကတော့ အထက်ပါ Command က အဆင်ပြေမှာ မဟုတ်ပါဘူး။ JDK ကို Uninstall ပြုလုပ်ချင်တယ်ဆိုရင် JDK ရှိတဲ့ ဖိုဒါ လမ်းကြောင်းကို သွားရပါမယ်။ ပထမဆုံး Terminal မှာ cd /Library/Java/JavaVirtualMachines ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။ လမ်းကြောင်းအောက် ရောက်ရင် sudo rm -rf jdk1….. ဆိုတဲ့ Command ကို အသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။ ဒီနေရာမှာ command line နောက်ဆုံးမှာရှိတဲ့ jdk1…. ဆိုတဲ့နေရာမှာ jdk1 အထိရိုက်ပြီး Tab Key ကို အသုံးပြုလိုက်ရင် ကိုယ့်စက်ထဲမှာရှိတဲ့ Jdk version ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ version ကိုထည့်ပေးမှသာ Remove ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: howtogeek