နိုင်ငံတကာဈေးကွက်အတွက် Butterfly 3 ကို HTC မိတ်ဆက်

12036643_10153217932897825_6492115416859512786_n.jpg

မေလက ဂျပန်နိုင်ငံတွင် J Butterfly စမတ်ဖုန်းအဖြစ် မိတ်ဆက်ပေးခဲ့သည့် HTC သည် ယခုအခါ နိုင်ငံတကာဈေးကွက်ထံသို့ Butterfly 3 အမည်ဖြင့် မိတ်ဆက်ပေးခဲ့သည်။

၎င်းဟန်းဆက်တွင် QHD (2560×1400) resolution ဖြင့် ဖော်ပြပေးနိုင်သော ၅.၂ လက်မ display နှင့်အတူ Snapdragon 810 processor, 3GB RAM နှင့် 32GB သိုလှောင်မှုတို့ဖြင့် အသုံးပြုနိုင်သည်။ MicroSD card အထောက်အပံ့ ပါဝင်သောကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်အသုံးပြုနိုင်သည်။ ထို့အပြင် 2,700mAh ဘက်ထရီ၊ front-facing BoomSound စပီကာနှစ်ခုနှင့် Quick Charge 2.0 အထောက်အပံ့တို့ ပါဝင်သလို ရေစိုဒဏ်နှင့် ဖုန်ဝင်ဒဏ်ကိုလည်း ခံနိုင်သည်။

HTC Butterfly 3 ကို အောက်တိုဘာ ၂၀ ရက်တွင် ထိုင်ဝမ်တွင် ဒေါ်လာ ၆၀၀ ဝန်းကျင်ဖြင့် စတင်ရောင်းချမည် ဖြစ်သည်။

Ref: AndroidAuthority