One M9+ Supreme Camera အမျိုးအစားကို HTC မိတ်ဆက်

12047158_10153217915047825_8341444372704957346_n.jpg

ဧပြီလက ကမ္ဘာတစ်ဝန်းသို့ ပွဲထုတ်မိတ်ဆက်ခဲ့သော One M9+ ကို အဆင့်မြှင့်တင်ထားသည့် One M9+ Supreme Camera အမျိုးအစားအား HTC မှ တရားဝင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ စမတ်ဖုန်းသစ်တွင် 21MP ကင်မရာကို အသုံးပြုထားပြီး laser auto focus စနစ်ကို ထောက်ပံ့ပေးထားသည်။ အဆင့်မြှင့်ထားသည့် ကင်မရာမှလွဲ၍ ကျန်အစိတ်အပိုင်းများမှာ M9+ နှင့် တူညီသည်။

ထို့အတွက် ၎င်းကို ၅.၂ လက်မ QHD display နှင့် MediaTek MT6795T Helio X10 ပရိုဆက်ဆာအပြင် 3GB RAM ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ Front-facing စပီကာများဖြင့် အသုံးပြုနိုင်ပြီး ဘက်ထရီက 2,840 mAh ဖြစ်သည်။ လက်ဗွေဖတ်စနစ်၊ front-facing စပီကာများကိုလည်း ထောက်ပံ့ပေးထားသည်။

M9+ Supreme Camera ကို အောက်တိုဘာ ၆ ရက်မှ စတင်ကာ ထိုင်ဝမ်တွင် ရောင်းချရန် စီစဉ်ထားပြီး ဈေးနှုန်းက ဒေါ်လာ ၆၃၀ ဖြစ်ကြောင်း သိရသည်။

Ref: AndroidAuthority