MPT ၏ ဆွေသဟာ အစီအစဉ်အတွက် အင်တာနက်ဈေးနှုန်း လျှော့ချ

12031602_1168398953175631_100293704167401894_o.jpg

အောက်တိုဘာလ ၁ ရက်မှစတင်၍ ဆွေသဟာအသုံးပြုသူများအတွက် အင်တာနက်ဈေးနှုန်းကို 1 MB လျှင် ၇.၅ ကျပ်မှ ၆ ကျပ်နှုန်းသို့ လျှော့ချလိုက်ပြီး အင်တာနက် ပရိုမိုးရှင်း Package များကိုလည်း data အပိုထပ်ဆောင်းပေးမည်ဟု MPT က သတင်းထုတ်ပြန်လိုက်သည်။

စာတိုပေးပို့ခြင်းကိုလည်း တစ်စောင်လျှင် ၁၅ ကျပ် မှ ၁၀ ကျပ်နှုန်းသို့ ပြောင်းလဲလိုက်ပြီး စာတိုပေးပို့မှုဓလေ့ကို ပိုမိုအသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းလျှော့ချပေးခြင်းဖြစ်သည်ဟု MPT ၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

ယခုလျှော့ချလိုက်သော ဈေးနှုန်းသစ်ကို ဆွေသဟာသုံးသူတိုင်း ခံစားခွင့်ရှိပြီး ဈေးနှုန်းများအရ ဆွေသဟာ ဖုန်းခေါ်ဆိုမှုများအတွက် တစ်မိနစ်လျှင် ၂၃ ကျပ်၊ စာတိုတစ်စောင်လျှင် ၁၀ ကျပ်နှင့် မြန်ဆန်သော အင်တာနက်ကို 1 MB လျှင် ၆ ကျပ်နှုန်းဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်။