Disney Infinity 3.0

Disney-Infinity-3.7.NAL-online-gamereview-2015SEP24.jpg

D isney Infinity 3.0 ဟာ  ၂၀၁၄ အတွင်းက ထွက်ရှိခဲ့တဲ့ Dis-ney ဇာတ်ကောင်တွေနဲ့ Marvel Super Heroes ဇာတ်ကောင်တွေ ပါဝင်ထားကာ အရုပ်ကလေးတွေရဲ့ Video Game Data အချက်အလက်တွေကို ဂိမ်းအတွင်း ထည့်သွင်းကစားနိုင်တဲ့ Disney Infinity 2.0 ရဲ့ အဆက်ဖြစ်ပါတယ်။ Disney နှင့် Pixar Animation ဇာတ်ကောင် တွေရော Marvel Super Heroes တွေနဲ့အတူ အခုဆိုရင်တော့ Lucasfilm ရဲ့ Star Wars ဇာတ်ကောင်တွေပါ တွဲဖက်ပါဝင်ထားတဲ့ ဂိမ်းသစ်ဖြစ်ပါတယ်။ The Walt Disney Company အနေနဲ့ Marvel Entertainment ကို ၂၀၀၉ ခုနှစ်ကတည်းက ဒေါ်လာသန်း ၄,၆ဝဝ ကျော် အကုန်အကျခံပြီး ဝယ်ယူခဲ့သလို Marvel နှင့်ပတ်သက်တဲ့ Live Action Movies, Series နှင့် အခြား project ပေါင်းများစွာကို ဦးစီးခဲ့ပေမယ့် Marvel Heroes တွေ ပါဝင်တဲ့ major game release ကိုတော့ Disney Infinity 2.0 မှာမှ ဖြန့်ချိခဲ့ပါတယ်။ Lucasfilm နှင့်အတူ Star Wars Franchise ကိုလည်း Disney က ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ သန်း ၄,ဝဝဝ ကျော်ဖြင့် ဝယ်ယူခဲ့ပြီးဖြစ်လို့ Star Wars Jedi ဇာတ်ကောင်တွေကို Disney Infinity 3.0 မှာ မြင်တွေ့နိုင်ပြီ ဖြစ်ပါတယ်။

Disney Infinity: 3.0 ဟာ Nintendo ရဲ့ Amiibo အရုပ်တွေနဲ့ Skylanders Spyro Adventure အရုပ်တွေလိုပဲ ဂိမ်းကစားဖို့အတွက် gameplay data တွေ သိမ်းဆည်းနိုင်တဲ့ Data အရုပ်ကလေးတွေ၊ Figure Portal တွေ ဝယ်ယူရမှာဖြစ်ပြီး Starter Pack ဝယ်ယူပြီးရင်တော့ အရုပ်တစ်ရုပ်ကို $15 ကနေ $20 ကြား ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ပထမ Disney Infinity တုန်းကတော့ Toy Story တို့ The Incredibles တို့လို ကာတွန်းဇာတ်ကောင်တွေကိုပဲ သုံးနိုင်ပေမယ့် Ver.2.0 မှာတော့ Marvel Comics ရဲ့ Hulk၊ Spider-Man, Star Lord နှင့် Iron Man လိုမျိုး Super heroes တွေ ပါဝင်လာပါတယ်။ 3.0 မှာတော့ Luke Skywalker၊ Boba Fett၊ Han Solo နှင့် Darth Vader လိုဇာတ်ကောင်တွေကြောင့် လူကြီးပရိသတ်တွေကိုပါ ပိုမို ပိုဆွဲဆောင်နိုင်လာသလို ဂိမ်းမဆော့ဘဲနဲ့တောင် အရုပ်ကလေးတွေ လှလို့ ဝယ်ဆော့တဲ့ ပရိသတ်တွေပါ ရှိလာတာ တွေ့ရပါတယ်။ Disney Infinity ဂိမ်းမှာ Play Set Mode နှင့် Toy Box Mode ဆိုပြီး ပုံစံနှစ်မျိုး ခွဲခြားထားမှာဖြစ်ပြီး ဂိမ်းစတင် ဝယ်ဝယ်ခြင်းမှာ ဂိမ်းခွေနှင့်အတူ Star Wars ရုပ်ရှင် ဇာတ်ကားများ အပါအဝင် Star Wars Clone Wars နှင့် Rebels လိုမျိုး ဇာတ်လမ်းတွဲများထဲမှ ဇာတ်ကောင်တွေရဲ့ character data များကို ဂိမ်းအတွင်း ပို့ဆောင်ရန်အတွက် Infinity Base အမည်ရ base sensor ပါဝင်မှာဖြစ်ပါတယ်။ ဇာတ်ကောင် အရုပ်ကလေးတွေရဲ့ အောက်ခြေမှာ sensor မှ ဖတ်ယူနိုင်တဲ့ data အချက်အလက်တွေ ပါဝင်ပြီး သူတို့ရဲ့ level တွေ character status တွေ ဂိမ်းအတွင်း ပို့ဆောင်နိုင်မှာဖြစ်လို့ အရုပ်ပုံစံချင်း တူရင်တောင် ကစားသူကွဲတဲ့အတွက် in-game status တွေ ကွဲပြားနေမယ့်အချက်က သာမန်အရုပ်များထက်ပိုပြီး ထူးခြားသွားစေပါတယ်။

အရင်တုန်းက အရုပ်တစ်ရုပ်နှင့်တစ်ရုပ် အရမ်းကြီးမကွာဘဲ အခန်းသစ်တွေ ဆော့ဖို့လောက်သာ အဓိကအသုံးပြုခဲ့ကြပေမယ့် အခု Version သစ်မှာတော့ ဂိမ်းအတွင်းမှ အရုပ်တွေရဲ့ Level Cap ကို ၂၀ အထိ မြှင့်ပေးထားပါတယ်။ Health နှင့် Offensive၊ Defensive စွမ်းရည်တွေကို စိတ်ကြိုက်ပြု ပြင်ပြောင်းလဲနိုင်တဲ့ Skill Tree စနစ်လည်း ပါဝင်ထားသလို စွမ်း ရည်သစ်တွေ ရွေးမယ်ဆိုရင် မိမိ ဇာတ်ကောင်အရုပ်ကို Format ချပြီး ပြောင်းလဲနိုင်ပါတယ်။ မိုးပေါ်ပျံနိုင်တဲ့ အစွမ်းတွေ ရရှိထားပြီး အရင်ထက်လည်း မြေပုံတွေ ပိုကျယ်လာ တာ တွေ့ရပါတယ်။ ဇာတ်ကောင် အရုပ်တွေအပြင် မိမိ character တွေကို health နှင့် damage အစရှိတဲ့ status effect တွေ တိုးပွားစေနိုင်မယ့် power disc လို့ခေါ်တဲ့ accessory item တွေကိုလည်း sensor  ရဲ့အလယ်မှာ ထည့်ပြီး ဂိမ်းထဲပို့ဆောင် နိုင်ဦးမှာဖြစ်ပါတယ်။ Combat gameplay ပိုင်းကို အရမ်းအဆင့်မြင့်သွားစေပြီး button mashing gameplay ပုံစံမဖြစ်တော့အောင် Star Wars – the Force Unleased game series ကလိုမျိုး Full Combo မျိုးစုံ၊ Comboအဆင့်ဆင့်ခွဲဖြာပြီး သုံးလို့ရတဲ့ ကစားပုံမျိုးစုံကို မိတ်ဆက် ပေးထားပြီး Enslaved နှင့် DmC (Devil may Cry) လို Action ဂိမ်းကောင်းတွေကို ရေးဆွဲပေးခဲ့တဲ့ developer Ninja Theory ကို combat gameplay ပိုင်းတွေမှာ အသုံးပြုထားပါတယ်။

Story Mode တွေအနေနဲ့ကတော့ Star Wars Episode II: Attack of the Clones အပြီး Clone Wars ကာတွန်း ဇာတ်လမ်းတွဲအချိန်မှာ ကစားနိုင်မယ့် Twilight of the Republic, မူလ Star Wars ဇာတ်လမ်းတွဲ သုံးကားနေရာမှ Luke Skywalker နှင့် Leia တို့အဖြစ် တိုက်ပွဲဝင်ရမယ့် Rise Against the Empire တို့အပြင် ဒီဇင်ဘာလမှာ ရုံတင်ပြသတော့မယ့် Star Wars Episode VII – The Force Awakens ရုပ်ရှင်အတွက် The Force Awakens ဇာတ်လမ်းကတော့ ရုံတင်အပြီးမှာ Additional Playset နှင့် အရုပ်သစ်တွေအဖြစ် ထွက်လာမှာပါ။ အခြား Story mode အသစ်ကတော့ Walt Disney နှင့် Pixar Animation Studio တို့ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ် Inside Out ထဲက levels တွေအတွင်းမှာ Joy, Anger နှင့် Sadness လိုမျိုး ဇာတ်ကောင်လေးတွေနေရာက ကစားနိုင်တဲ့ playset story mode အသစ်ပဲဖြစ်ပါတယ်။ Marvel Super Heroes အရုပ်သစ် အဖြစ်ကတော့ Avengers – Age of Ultron ထဲက Iron Man – Hulk Buster Armor နှင့် Ultron အရုပ်တွေကို နိုဝင်ဘာလအတွင်းမှ ရောင်းချသွားမှာပါ။

မိမိသဘောကျတဲ့ Star Wars ဇာတ်ကောင် အရုပ်လေးတွေနဲ့အတူ Walt Disney နှင့် Marvel Super Heroes အရုပ်တွေကို ဝယ်ကာ ဂိမ်းအတွင်း ဇာတ်လမ်းသစ်တွေ ထည့်သွင်းထားနိုင်ပြီး အလှစုထားလို့လည်း ကောင်းမှာဖြစ်လို့ Disney Infinity 3.0 ဟာ နိုင်ငံတကာက လူကြီးလူငယ်ပရိသတ်တွေနဲ့ အရုပ်တွေ ဝယ်စုရတာ ကြိုက်တဲ့ Collector တွေပါ သဘောကျမယ့် ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။