Surface နှင့် ယှဉ်ပြိုင်မည့် Android tablet သစ်တစ်မျိုး ထုတ်လုပ်ရန် Google စီစဉ်နေ

12065525_10153216273702825_5726670056151440581_n.jpg

Google သည် Chromebook PIxel ကဲ့သို့သော tablet သစ်တစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းတွင် Android ကို အသုံးပြုထားကာ ကီးဘုတ်ကို ဖြုတ်နိုင်၊ တပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

Google ၏ လက်ရှိ Chromebook Pixel ထုတ်ကုန်များသည် Chrome OS operating system အသုံးပြုထားသော လက်တော့ပ်များ ဖြစ်သည်။

အသစ်ထုတ်လုပ်မည့် tablet ကို Google က Pixel C ဟုခေါ်ဆိုရန် စီစဉ်ထားကြောင်း Android Police မှ ဖော်ပြခဲ့သည်။

၎င်းထုတ်ကုန်သစ်ကို နိုဝင်ဘာလတွင် မိတ်ဆက်ဖွယ်ရှိသော်လည်း Google က အင်္ဂါနေ့တွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပမည့် ပွဲတစ်ခု၌ မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။

Pixel C သည် Chromebook Pixel နှင့် ဆင်တူသည်ဟု ဆိုထားသောကြောင့် သတ္တုဒီဇိုင်းနှင့် ဘက်ထရီအခြေအနေကို ဖော်ပြပေးမည့် အလင်းတန်းဘားတို့ ပါဝင်လာဖွယ်ရှိသည်။

ကီးဘုတ်ကို ရွေးချယ်အသုံးပြုနိုင်ရန်အတွက် Google က သားရေဖြင့် ပြုလုပ်ထားသော ကီးဘုတ်နှင့် သတ္တုဖြင့် ပြုလုပ်ထားသော ကီးဘုတ်တို့ကို ထောက်ပံ့ပေးမည်ဟု သိရသည်။

Pixel C tablet တွင် ၁၀.၂ လက်မ screen ပါဝင်မည် ဖြစ်ပြီး ၎င်းသည် Microsoft ၏ ၁၀.၈ လက်မ Surface 3 ထက် အနည်းငယ်သေးငယ်ကြောင်း Android Police မှ ဖော်ပြခဲ့သည်။

ထို့အပြင် ၎င်း tablet သစ်၌ Nvidia ၏ quad-core processor ကို အသုံးပြုထားပြီး 3GB RAM အပြင် USB Type-C တို့ကို အသုံးပြုထားကြောင်း သိရသည်။

Ref: BusinessInsider