Apple ၏ iPhone 6S နှင့် 6S Plus ရောင်းချမှု စံချိန်တင်

12079656_10153216250267825_5524946454829663701_n.jpg

iPhone 6S နှင့် 6S Plus ကို ပထမရက်သတ္တပတ်အတွင်း အလုံးရေ ၁၃ သန်း ရောင်းချခဲ့ရပြီး အရောင်းစံချိန်တင်ခဲ့ကြာင်း Apple မှ ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ်က iPhone 6 နှင့် 6 Plus ၏ ပထမရက်သတ္တပတ်အတွင်း ရောင်းချမှုသည် အလုံးရေ ၁၀ သန်းရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၉ သန်း ရောင်းချခဲ့ရသည်။

ယခု စံချိန်သစ်အရ Apple သည် တစ်မိနစ်လျှင် iPhone အလုံးရေ ၃,၀၀၀ ရောင်းချခဲ့ရခြင်း ဖြစ်သည်။

iPhone 6S တွင် အဆင့်မြှင့်တင်မှုများစွာ ပြုလုပ်ထားပြီး ပိုမိုကောင်းမွန်သည့် ကင်မရာ၊ လျင်မြန်သည့် ချစ်ပ်၊ အဆင့်မြှင့်ထားသည့် Touch ID နှင့် 3D Touch တို့ပါဝင်လာသည်။

ဆက်လက်ပြီး iPhone 6S နှင့် 6S Plus ကို အောက်တိုဘာ ၉ ရက်တွင် အီတလီ၊ မက္ကဆီကို၊ စပိန်နှင့် ထိုင်ဝမ် အပါအဝင် နိုင်ငံပေါင်း ၄၀ ၌ ရောင်းချသွားမည်ဖြစ်ပြီး နှစ်မကုန်မီတွင် နိုင်ငံပေါင်း ၁၃၀ ၌ iPhone အသစ်များ ရောင်းချသွားမည်ဟု Apple မှ ကြေညာခဲ့သည်။

Ref: TechCrunch