Windows 10 တွင် OneDrive အား Uninstall ပြုလုပ်ခြင်း

uninstall-onedrive-folder-in-user-profile.jpg

သင်ဟာအခြားသော Cloud Storage service များဖြစ်တဲ့ Dropbox, Google Drive အစရှိတဲ့ Cloud Storage service တွေကို အသုံးပြုနေတာကြောင့် Windows 10 မှာ Default ပါဝင်လာတဲ့ OneDrive Cloud Storage ကို အသုံးမပြုချင်ဘူးဆိုရင် Uninstall ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ OneDrive Cloud Storage Service ကို Uninstall ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း အလွယ်တကူနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Windows 10 ပေါ်ကနေ OneDrive ကို Uninstall ပြုလုပ်ဖို့အတွက် Command Prompt ကိုအသုံးပြုရပါမယ်။ အဆိုပါ Command Prompt ပေါ်ကနေ OneDrive ကို Uninstall မပြုလုပ်မီ အရင်ဆုံး OneDrive ကိုပိတ်ထားရပါမယ်။ OneDrive ကိုပိတ်ဖို့အတွက် Taskbar ကနေ OneDrive icon ကို Right-click ပြုလုပ်ပြီး Exit ကိုရွေးချယ်ပေးထားပါ။

ပြီးသွားရင် Command Prompt ကို Run Administrator mode နဲ့ ဖွင့်ရပါမယ်။ Run Adminstrator Mode နဲ့ ဖွင့်ရန်အတွက် Win + X button ကိုနှိပ်လိုက်ပါ။ နှိပ်ပြီးသွားရင် Command Prompt (Admin) ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပေးလိုက်ရင် Command prompt box တစ်ခုကျလာမှာ ဖြစ်ပါတယ်။

အဆိုပါ Command prompt box ထဲမှာ အောက်ဖော်ပြပါ command ကိုရိုက်ထည့်လိုက်ရုံနဲ့ OneDrive Cloud Stroage Service ကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ 32 bit version သုံးစွဲသူနဲ့ 64 bit version ကို သုံးစွဲသူတွေကတော့ command အသုံးပြုရပုံခြင်း တူညီမှာမဟုတ်ပါဘူး။ 32 bit သုံးစွဲတဲ့သူတွေအသုံးပြုရမယ့် command ကတော့ %systemroot%\System32\OneDriveSetup.exe/un Install ဆိုတဲ့ Command ဖြစ်ပါတယ်။ 64 bit သုံးစွဲသူများ ကတော့ %systemroot%\SysWOW64\OneDriveSetup.exe/uninstall ဆိုတဲ့ Command ကို သုံးစွဲရပါမယ်။ ပြီးသွားရင်တော့ အဆိုပါ OneDrive icon ကို start menu မှာရှာဖွေကြည့်ပါ တွေ့ရတော့မှာ မဟုတ်ပါဘူး။ ပြီးသွားရင် C:\Users\(user name) အောက်မှာရှိတဲ့ OneDrive ဖိုဒါတွေကို ဖျက်ထုတ်ပြီး ဖယ်ရှားရှင်းလင်း ပေးလိုက်ရင် OneDrive ကို Windows 10 ပေါ်မှ Uninstall ပြုလုပ်တဲ့အဆင့် ပြီးသွားပြီ ဖြစ်ပါတယ်။