uGet downloader အား Ubuntu OS တွင် ထည့်သွင်းခြင်း

uget-feat.jpg

Ubuntu OS အသုံးပြုသူတွေအနေနဲ့ download ပြုလုပ်ရာတွင် စွမ်းအားပြည့် download ပြုလုပ်ပေးနိုင်မယ့် uGet downloader ဆော့ဖ်ဝဲဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ download ပြုလုပ် တဲ့ ဖိုင်တွေကိုစနစ်တကျရှိစေရန် အတွက် စီမံပေးနိုင်သလို၊ download ပြုလုပ်နေရင်း အကြောင်း အမျိုးမျိုးကြောင့် ခေတ္တရပ်နားထားပြီးမှ ပြန်လည် download ပြုလုပ်ရန် အတွက်လည်း resume feature ကို ထည့်သွင်းပေးထားပါတယ်။ uGet ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command  နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

ပြီးသွားရင်တော့ Terminal မှာ uGet downloader ကို ထည့်သွင်းဖို့အတွက် အသုံးပြုရမယ့် Command တွေ ကတော့ – sudo add-apt-repository ppa:plushuang-tw/uget-stable

sudoapt-get update

sudoapt-get installuget

ဆိုတဲ့  command တွေဖြစ်ပြီး command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပါက uGet downloader နဲ့ပတ်သက်တဲ့ Package တွေကို download ပြုလုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Ubuntu Software Centre ကနေ ထည့်သွင်းချင်သူတွေ အနေနဲ့ကတော့ Ubuntu Software Centre မှာရှာဖွေပြီး ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ uGet downloader ဟာ အင်တာနက်ကွန်နက်ရှင် speed ကိုလည်း မြှင့်တင်ပြီး download ပြုလုပ်နိုင်ပါတယ်။ Downloader တစ်ခုမှာ ပါဝင်သင့်တဲ့ Feature အများအပြားကိုလည်း ထည့်သွင်းပေးထားတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ ဆော့ဖ်ဝဲကို Install ပြုလုပ်ပြီးသွားပြီဆိုရင် Dash Home ကို နှိပ်လိုက်ပါ။ Search box မှာ uGet ဆိုတဲ့ Keyword ကို ရိုက်ထည့်လိုက်ရင် uGet downloader ဆော့ဖ်ဝဲကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် download ပြုလုပ်မယ့် ဖိုင်နဲ့ပတ်သက်တဲ့ Settings တွေကိုလည်း လိုအပ်သလို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။