Facebook တွင် ၃၆၀ ဒီဂရီလှည့်လည် ကြည့်ရှုနိုင်သော ဗီဒီယိုထောက်ပံ့မှု ပါဝင်လာ

360-in-news-feed-SH-cnet-2015sept24.jpg

Facebook သည်၎င်း၏ လူမှုရေးမီဒီယာတွင် ၃၆၀ ဒီဂရီလှည့်၍ ကြည့်နိုင်သောဗီဒီယို post များအတွက် ထောက်ပံ့မှု ပါဝင်လာသည်။ အဆိုပါ ဗီဒီယိုကို ၎င်းတို့၏ ဖုန်း သို့မဟုတ် ကွန်ပျုတာတွင် သုံးစွဲသူများက အရာဝတ္ထု သို့မဟုတ်  နေရာတစ်ခု၏ ဦးတည်ရာများအား တွေ့မြင်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကစတင် လွှင့်တင်ခဲ့သည့် ၃၆၀ ဒီဂရီဗီဒီယိုမှာ အသစ်ထွက်ရှိမည့် “Stars Wars VII: The Force Awakens” အပိုင်းအစလေး တစ်ခုဖြစ်သည်။ အဆိုပါဗီဒီယိုသည် သဲကန္တာရတစ်လျှောက် ရွေ့လျားနေသော ယာဉ်အတွင်းရှိ ထိုင်ခုံမှ မြင်တွေ့ရသည့် ရှုခင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။ စမတ်ဖုန်း သုံးစွဲသူများ အနေဖြင့် ၎င်းတို့ကိုယ်တိုင် ယာဉ်အတွင်း လိုက်ပါနေရ သကဲ့သို့  လက်ချောင်းများဖြင့် ဘယ်ညာရွေ့၍ ရှုခင်းကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ ကွန်ပျူတာပေါ်တွင်မူ အဆိုပါဗီဒိယို click ပြုလုပ်ပြီး cursor ကို နေရာချ၍  ကြည့်နိုင်မည် ဖြစ်သည်။

အဆိုပါ ၃၆၀ ဒီဂရီ ဗီဒီယိုဖြင့် သုံးစွဲသူများကို ယခင်ကမတွေ့ကြုံ မခံစားဖူးသည့် အွန်လိုင်းတွင် သူငယ်ချင်းများနှင့်အတူ ဝေမျှနိုင်မည့် အတွေ့အကြုံသစ် တစ်ခုအားပေးစွမ်း လာနိုင်မည် ဖြစ်ကြောင်း Facebook မှ ထုတ်ပြန်ခဲ့သည်။

အနာဂတ်တွင် သူငယ်ချင်းတစ်ဦးက ပြင်သစ်ရှိ ကျေးရွာငယ်လေး သို့မဟုတ် ဘရာဇီးရှိပွဲတော်သို့ သွားရောက် လည်ပတ်ခြင်းကို ၃၆၀ ဒီဂရီ ဗီဒီယိုပုံစံဖြင့် ရိုက်ကူးထားလျှင် သင့်အနေဖြင့် ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်သည့် အတွေ့အကြုံကို ရရှိလာမည် ဖြစ်ကြောင်း Facebook ၏ ဗီဒီယိုစီမံကိန် အင်ဂျင်နီယာ ဒါရိုက်တာ မာဟာဆာဘာက ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

Ref : CNET