Gmail တွင် လူတစ်ဦးချင်း block ပြုလုပ်နိုင်သည့် feature ကို Google မိတ်ဆက်

gmail-tips-SH-pcmag-2015sept23.jpg

Google သည် သုံးစွဲသူ များအနေဖြင့် မမြင်တွေ့လိုသည့် လူများမှပေးပို့သော message များကို Gmail inbox အတွင်း မမြင်တွေ့နိုင်စေရန် ပြုလုပ်ထားနိုင်မည့် black sender feature ကို မိတ်ဆက်ခဲ့သည်။

အဆိုပါ feauture သည် Gmail ဝက်ဘ်ဆိုက်ပေါ်တွင် စတင်ပါဝင်လာမည်ဖြစ်ပြီး လာမည့်ရက်သတ္တ တစ်ပတ်အတွင်း Android တွင် ပါဝင်လာမည် ဖြစ်သည်။ လက်ရှိတွင် သုံးစွဲသူသည် Gmail အတွင်း spam အဖြစ် အီးမေးလ်ကို တိုင်ကြားနိုင်သော်လည်း ၎င်းလုပ်ဆောင်ချက်ကို တစ်ကြိမ်ထက် ပိုမိုလုပ်ဆောင် ရမည့်အပြင် ခလုတ်တစ်ချက် နှိပ်သည့်ထက် လွယ်ကူမှုမရှိပေ။

“တစ်ခါတစ်လေမှာ အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ လူဆီကမေးလ် ရလေ့ရှိပါတယ်။ အဲ့လိုမဖြစ်ဖို့ မျှော်လင့်ရတာပါပဲ။ ဒါပေမဲ့ ဖြစ်လာချိန်မှာတော့ ဒီလူဆီက message တွေဘယ်တော့မှ မရရင်ကောင်းမယ်လို့ ပြောရမှာပါ” ဟု Google ထုတ်ကုန်မန်နေဂျာ စရီဟာရှာဆိုမန်ချီက blog post တွင် ရေးသားခဲ့သည်။

Gmail တွင် သုံးစွဲသူများအနေဖြင့် Reply ဘေးနားရှိ ‘More’ ခလုတ်ကို နှိပ်၍ အလိုရှိသည့် တစ်စုံတစ်ယောက်ကို block နိုင်ပြီး အီးမေးလ်လိပ်စာကို block ရန် option ကို မြင်တွေ့ရမည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် block ပြုလုပ်လိုက်သည့် လူမှပေးပို့လိုက်သော အီးမေးလ်များသည် spam folder ထဲ့သို့ ရောက်ရှိသွားမည် ဖြစ်သည်။

Ref: PCMag