Asus fonepad 7 K01F Tablet

asus_tablet_ME372_main_l.jpg

အားသာချက်

Dual SIM Card slot ပါဝင်တဲ့အတွက် SIM card တစ်ကတ်ထက်ပိုပြီး ကိုင်ဆောင်သူမျာ အကြိုက်တွေ့စေမယ့် Tablet အမျိုးအစား ဖြစ်ပါတယ်။ Asus fonepad 7 ရဲ့ phablet ကဲ့သို့ အရွယ်အစားကလည်း သွားလေရာသယ်ဆောင် သွားနိုင်တာကြောင့် လုပ်ငန်းကိစ္စဖြင့် ခရီးမကြာခဏ သွားရသူများအတွက်လည်း သင့်တော်ပါတယ်။ ဒါ့အပြင် Processor ပိုင်းမှာလည်း Intel processor ကိုအသုံးပြု ထားပါတယ်။

အားနည်းချက်

ဒီ Tablet ဟာ ယခင်ထွက်ရှိထားတဲ့ Asus tablet များရဲ့ formula ကနေ အနည်းငယ် ကွဲထွက်အောင်ပဲ လုပ်ဆောင်ပေးထားပြီး ကြီးမားတဲ့ ပြောင်းလဲမှုများမရှိလို့ ထူးခြားတဲ့နည်းပညာတွေ ပါဝင်ခြင်းလည်းရှိမှာ မဟုတ်ပါဘူး။

သုံးသပ်ချက်

Asus fonepad 7 k01F Tablet ဟာ ကျစ်လျစ်တဲ့ ဒီဇိုင်းပုံစံနဲ့ဖွဲ့စည်း ထားတဲ့အတွက် စွဲမက်ဖွယ် ဒီဇိုင်းရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည် ပိုင်းမှာလည်း ကောင်းမွန်တာကို တွေ့မြင်ရမှာဖြစ်ပြီး ဖျော်ဖြေရေးအဖြစ် သုံးစွဲနိုင်အောင်လည်း စီစဉ်ထားတဲ့ Tablet တစ်ခုဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Atom Chipset ကို အသုံးပြုထားပြီး Quad Core Processor ကိုသုံးစွဲထားပါတယ်၊ Processor ရဲ့အမြန်နှုန်းကတော့ 1.3 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Storage များများအသုံးပြုချင် သူများအတွက် MicroSD Card ကိုလည်း ထည့်သွင်း အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 4.4.2 Version ကို အသုံးပြုထားပြီး Display Screen မှာ IPS capacitive multitouch screen ကို အသုံးပြုထားပါတယ်။ Resolution ကတော့ 1280×800 resolution ရှိမှာဖြစ်ပြီး Screen အရွယ်အစားမှာ ၇ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း နောက်ကင်မရာမှာ 5 Mega pixels ရှိမှာဖြစ်ပြီး ရှေ့ကင်မရာကတော့ 1.2 Mega pixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 3850mAh ရှိမှာဖြစ်ပါတယ်။ MP3, WAV, AAC, WMA, OGG, FLAC အစရှိတဲ့ Audio Format များကို အထောက်အပံ့ ပေးထားပြီး၊ Video ပိုင်းမှာလည်း 1080p HD Video များကိုလည်း ကြည့်ရှုနိုင်ရန် အထောက်အပံ့ ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဇိုင်း

ကျစ်လျစ်တဲ့ ဒီဇိုင်းနဲ့ဖွဲ့စည်းထားတဲ့ အဆိုပါ Tablet ဟာ သွားလေရာ သယ်ဆောင်သွားနိုင်မယ့် အရွယ်အစားရှိတာကြောင့် ရောက်လေရာနေရာမှာ အလုပ်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Power button နဲ့ Volume အတိုးအလျော့ ခလုတ်များကို Tablet ရဲ့ညာဘက်အခြမ်းမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

တန်ဖိုး – ကျပ် ၁၉၅,၀၀၀
ဆက်သွယ်ဝယ်ယူ နိုင်မည့်လိပ်စာ – T-Land IT, Digital & Mobile
ဆက်သွယ်နိုင်မည့်ဖုန်း – ၃၈၂၈၆၈