Xiaomi လက်တော့ပ်များကို ၂၀၁၆ ခုနှစ်တွင် တင်ပို့ရောင်းချမည်

12006251_10153209030667825_2962465086115043224_n.jpg

ကုမ္ပဏီအနေဖြင့် Xiaomi ၏ ပထမဦးဆုံး လက်တော့ပ်များကို တပ်ဆင်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ၂၀၁၆ ခုနှစ် ဒုတိယသုံးလပတ်တွင် တင်ပို့ရောင်းချသွားဖွယ်ရှိကြောင်း Inventec ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ ရစ်ချတ်လီက ပြောကြားလိုက်သည်။

“စမတ်ဖုန်းသုံးစွဲသူ သန်း ၂၀၀ ကျော်ရှိတဲ့ Xiaomi ကုမ္ပဏီရဲ့ notebook ကွန်ပျူတာတွေကို တပ်ဆင်ရမယ့်အတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က Xiaomi notebook ကွန်ပျူတာတွေ တင်ပို့ရောင်းချမှုကို လာမယ့်နှစ် ပထမ ဒါမှမဟုတ် ဒုတိယသုံးလပတ်မှာ စတင်သွားပါမယ်” ဟု လီက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက ကုမ္ပဏီအနေဖြင့် Xiaomi ဖုန်းများကဲ့သို့ပင် လက်တော့ပ်များကို ကွဲပြားခြားနားသည့် အသွင်ဖြင့် ဖန်တီးသွားမည်ဟု ဆိုခဲ့သည်။

လက်ရှိတွင် လက်တော့ပ်၏ ဈေးနှုန်းကို မကြေညာသေးသော်လည်း Xiaomi စမတ်ဖုန်းများအတိုင်း ကောင်းမွန်သည့် စွမ်းဆောင်ရည်နှင့် သက်သာသည့် ဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချပါက လက်တော့ပ်ဈေးကွက်ကို အပြောင်းအလဲ ဖြစ်စေနိုင်သည်။

ထိုင်ဝမ်မီဒီယာများကမူ ၎င်းလက်တော့ပ်တွင် ၁၅ လက်မ display ပါဝင်ပြီး Linux operating system ကို အသုံးပြုထားကာ ၂,၉၉၉ ယွမ် (၄၇၁ ဒေါ်လာ) ဖြင့် ရောင်းချမည်ဟု ဖော်ပြခဲ့သည်။

Ref: CNET/AndroidHeadlines