Propak Myanmar 2015 ကျင်းပ

Propak-1.jpg
Propak-2.jpg
Propak-3.jpg
Propak-4.jpg

နိုင်ငံတကာ ပြု ပြင်ထုတ်ပိုးမှု နည်းပညာများဆိုင်ရာပြပွဲ Propak Myanmar 2015 အား ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ ယနေ့ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် Myanmar Industry Association မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကား ပြောကြားသွားခဲ့ပြီး အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ပြပွဲပြသသူပေါင်း ၁၇၀ ကျော်နှင့် တရုတ်၊ ပြင်သစ်၊ စင်ကာပူ၊ တရုတ် (တိုင်ပေ) နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံအလိုက်ပြသသည့် ပြခန်းကြီး ၅ ခု လာရောက်ပြသခဲ့ကြောင်း သိရသည်။

၎င်းပြပွဲတွင် အဖျော်ယမကာဆိုင်ရာပစ္စည်း၊ နည်းပညာ၊ ကုန်ကြမ်းနှင့် ဝန်ဆောင်မှုများပါဝင်ပြီး ပလတ်စတစ်ဖြင့် ထုတ်ပိုးသည့် စက်ပစ္စည်းများနှင့် ကုန်ကြမ်းနှင့် ဝန်ဆောင်မှုများ ပါဝင်ခဲ့သည်။

အဆိုပါပြပွဲအား စက်တင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။