[Zawgyi]
gsmarena
gsmarena
gsmarena
gsmarena
-နောင်နောင်
Ref: GSMArena
[Unicode]
OPPO ဟာ နောက်ဆုံးပေါ် mid-range စမတ်ဖုန်းဖြစ်တဲ့ OPPO A5 ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။
OPPO A5 မှာ ၆.၂ လက်မ 19:9 LCD display ပါဝင်ပြီး 1,520 x 720px resolution နဲ့အသုံးပြုနိုင်ပါတယ်။ Display ရဲ့ထိပ်ဘက်မှာ notch တစ်ခု ပါဝင်ပါတယ်။
gsmarena
Chipset က Snapdragon 450 ဖြစ်ပြီး 1.8GHz octa-core CPU နဲ့အသုံးပြုနိုင်ပါတယ်။ RAM က 4GB ဖြစ်ပြီး internal storage က 64GB ဖြစ်ပါတယ်။ MicroSD slot တစ်ခု ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။
gsmarena
ကျောဘက်ကင်မရာနှစ်ခုက 13MP f/2.2 ပင်မကင်မရာနဲ့ 2MP f/2.4 ကင်မရာ ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပါတယ်။
gsmarena
ဟန်းဆက်ရဲ့ အရွယ်အစားက ၁၅၆.၂ x ရ၅.၆ x ၈.၂ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၆၈ ဂရမ်ဖြစ်ပါတယ်။ ဘက်ထရီက အရွယ်ကြီးမားပြီး 4,230mAh ဖြစ်ပါတယ်။ 14nm ချစ်ပ်ကြောင့် A5 ကို ဘက်ထရီသက်တမ်း ရှည်ကြာစွာနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
gsmarena
လက်ရှိမှာ OPPO A5 အတွက် အမှာစာတွေကို လက်ခံနေပြီး ဇူလိုင် ၁၃ ရက်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ တန်ဖိုးက ယွမ် ၁,၅၀၀ (၂၂၅ ဒေါ်လာ) ဖြစ်ပါတယ်။
-နောင်နောင်
Ref: GSMArena