Io The Guardian Wisp

Io-The-Guardian-Wisp-Yahoo-online-article-2015SEP17.jpg

Kunkka စတင်ပါဝင်လာခဲ့တဲ့ v6.55 နောက်ပိုင်းထွက် Hero အသစ်တွေအားလုံးဟာ လူကြိုက်များလေ့ရှိပြီး အရင်က Hero အဟောင်းတွေထက် ပိုပြီး အသုံးပြုလို့ကောင်းတဲ့အတွက်ကြောင့် နောက်ထွက် Hero များဟာ Hero Pick Pool ထဲမှာ များပြားလေ့ရှိပါတယ်။ Hero အသစ်ဖြစ်ပေမယ့် Pure Support Role ဖြစ်နေတဲ့အတွက်ကြောင့် Public Match Making တွေမှာ တွေ့ရနည်းပါးပေမယ့် Professional အဆင့်မှာတော့ ဝှက်ဖဲတစ်ခုအနေနဲ့ အသုံးပြုလျက်ရှိတဲ့ Hero တစ်ကောင်ကတော့ Io The Guardian Wisp ပဲ ဖြစ်ပါတယ်။

Background Story

ဖြစ်တည်မှုတိုင်းမှာ Io ရှိပါတယ်။ ရန်သူများအတွက်တော့  ဆိုးသွမ်းတဲ့ အဖျက်သမားလို့ သမုတ်ခံရပြီး သူကောင်းများအတွက်တော့ အလေးမြတ်ထားရတဲ့ တန်ခိုးကြီးမျက်လုံးတစ်လုံးအဖြစ် သတ်မှတ်ခံထားရတဲ့ Io ဟာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုများဖြင့် ဖွဲ့စည်းထားတဲ့ စကြာဝဠာအတွင်းက ကမ္ဘာတစ်ခု၊ တစ်ခုစီတိုင်းကို လွှမ်းမိုးပိုင်ဆိုင်ထားသူဆိုလည်း မမှားပါဘူး။

အလင်းရောင်နဲ့ အမှောင်ထုတို့ရဲ့ မွေးချင်းစီးနင်းသူ နှစ်ဦးတို့ကဲ့သို့ပင် ဖြစ်တည်မှုတို့ရဲ့ အစောပိုင်းကတည်းက ဖြစ်တည်ခဲ့တဲ့ ရှေးဟောင်း ခရီးသွား တစ်ဦးရှိ နေခဲ့ပါတယ်။ သူကတော့ အချိန်ယန္တရားထက်ပင် စောစီးစွာ ဖြစ်ပေါ်လာခဲ့တဲ့ Io The Guardian Wisp ပဲဖြစ်ပါတယ်။ Io ကို ရိုးရှင်းစွာ အဓိပ္ပာယ် ဖွင့်ဆိုရလျှင် အရာဝတ္ထုတိုင်းမှာ ဖြစ်တည်နေတဲ့ ဆွဲငင်အားနှင့် တွန်းကန်အားများကို စုပေါင်းထားခြင်းပင်ဖြစ်ပြီး မြူ မှုန်တစ်မျှ သေးငယ်သောအရာ ဝတ္ထုကလေးများကို တစ်ခုနဲ့တစ်ခု ပူးကပ်နေအောင် ချုပ်နှောင်ပေးထားနိုင်သော အားတစ်ခုအဖြစ် သတ်မှတ်ထားနိုင်ပါတယ်။ ရုပ်ဝတ္ထုများနဲ့ ဖွဲ့စည်းတည်ဆောက်
ထားတဲ့ ကမ္ဘာမြေများပေါ်မှာတော့ Io ဟာ ၎င်းတွန်းအား၊ ဆွဲအားများကို စိတ်တိုင်းကျ ထိန်းကျောင်းနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော ဖြစ်တည်မှုတစ်ခု ဖြစ်ပါတယ်။ ပျက်သုန်းခြင်း၊ ပေါင်းစည်းခြင်း၊ တူညီခြင်းမရှိတော့ ရစ်ပတ်ချည်နှောင်မှုတို့နဲ့ အတူ Io ဟာ မိမိရဲ့ မိတ်ဆွေများရဲ့ စွမ်းအားနဲ့ ကြံ့ခိုင်မှုကို တိုးတက်စေနိုင်စွမ်း ရှိပါ
တယ်။ သူ့မိတ်ဆွေရဲ့ ရွေ့လျားနိုင်စွမ်းကို အနှိုင်းမဲ့အောင်၊ ကြံ့ခိုင်မှုကို စိတ်ကူးမထားနိုင်လောက်အောင် တိုးပွားစေကာ ကမ္ဘာများအတွင်းမှာ စိတ်တိုင်းကျ သွားလာနေတဲ့ Io ဟာ စကြာဝဠာကြီးရဲ့ ပြီးပြည့်စုံသော ဆန်းကြယ်မှုတို့ကို စုပေါင်းမြင်တွေ့နိုင်မယ့်ဖြစ်တည်မှုတစ်ခုပဲ ဖြစ်ပါတော့တယ်။

Io ရဲ့ အခြေခံအကျဆုံး Ability တစ်ခုဖြစ်ပြီး Ally Unit တစ်ခုခုနဲ့ ချိတ်ဆက်သုံးပေးရမယ့် Ability ဖြစ်ပါတယ်။ Tether အချိတ်ခံရတဲ့ Unit နဲ့ Io တို့ဟာ 12 seconds Duration အတွင်းမှာ 14%/ 15%/ 16%/ 17% Movement Speed Bonus ကို ရရှိနေမှာ ဖြစ်ပါတယ်။ 900 Range ထက်ပိုပြီး ဝေးခဲ့မယ်ဆိုရင်တော့ Tether ပြတ်သွားမှာဖြစ်ပြီး Cast Range ကတော့ 1800 Range ရှိပါတယ်။ အဆိုပါ Tehter ကြိုးနဲ့ ပွတ်တိုက်ခံရတဲ့ Unit ဟာ Attack Speed နဲ့ Movement Speed100% ဆီလျှော့ချခံရမှာ ဖြစ်ပါတယ်။ များများယူလေ Slow Duration နဲ့ Movement Speed Bonus Rate တိုးလာလေလေဖြစ်မယ့် Tether မှာ အရေးအကြီးဆုံး ထူးခြားချက် တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ Io မှာ ဖြစ်ပေါ်နေတဲ့ Hp, Mp Regeneration အားလုံးရဲ့ ၂ ဆသော ပမာဏဟာ အချိတ်ခံရတဲ့ Unit ကို Restore စေမှာ ဖြစ်ပါတယ်။ ဥပမာ Io မှာ 1 second ကို +3 Hp Regeneration နဲ့ + 4 Mana Regeneration ရရှိနေတယ်ဆိုရင် Ally မှာတော့ +6Hp Regeneration နဲ့ +8 Mana Regeneration ကို ရရှိနေမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ Io မှာ Hp သို့မဟုတ် Mana ပြည့်နေခဲ့မယ်ဆိုရင်တော့ Io မှာ Regeneration မဖြစ်ပေါ်နိုင်တဲ့အတွက် Ally Unit မှာ HpMana Regeneration ကို ရရှိနေမှာ မဟုတ်ပါဘူး။ မိမိမှာ Regeneration သက်ရောက်နေမှ Ally ကို Share Healing ဖြစ်စေမှာဖြစ်လို့ Ally ကို Heal ပေးဖို့အတွက် Io မှာ Hp နဲ့ mana လျော့နေဖို့လိုပါလိမ့်မယ်။

Io ရဲ့ Damage Ability တစ်ခုအဖြစ်အနေနဲ့တော့ ဒုတိယ Ability ဖြစ်တဲ့ Spirit ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသုံးပြုလိုက်ချိန်မှာ Io ရဲ့ နံဘေးနားမှာ Spirit ၅ လုံး ပေါ်လာမှာဖြစ်ပြီး Enemy Unit များကို တိုက်ခိုက်မှာ ဖြစ်ပါတယ်။ Spirit နဲ့ ထိတွေ့မယ့် Unit ဟာ Non-Hero Unit ဖြစ်ခဲ့မယ်ဆိုရင် 8/ 14/ 20/ 26 Damage Per Second ဖြင့် တိုက်ခိုက်စေမှာဖြစ်ပြီး Hero Unit ဖြစ်ခဲ့မယ်ဆိုရင်တော့ ထိသွားတဲ့ Enemy Hero ရဲ့ 300 AoE အတွင်းမှာ 25/ 50/ 75/ 100 Damage သက်ရောက်စေမှာဖြစ်သလို Spirit များလည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ Duration 19 Seconds နဲ့ Cooldown 20/ 18/ 16/ 14 Seconds ရှိမှာဖြစ်လို့ နောက်ပိုင်းအဆင့်တွေမှာ Spirit ကို ကြိုထုတ်ထားပြီး Duration မကုန်ခင် Spirits အသစ်ကို အသုံးပြု ခြင်းဖြင့် Spirits များကို မိမိ ဘာသာ ဖောက်ခွဲပစ်နိုင်မှာ ဖြစ်ပါတယ်။ Spirits ကို lvl တင်လိုက်တာနဲ့ Spirit In, Spirit Out ဆိုတဲ့ Sub-Ability ၂  ခုပါ တစ်ပြိုင်နက်တည်းရရှိမှာဖြစ်ပါတယ်။ Spirits ကို အသုံးပြု ပြီး တစ်မိနစ်မှာ Neutral Creep Camps ၂ အုပ်ကို ပွားနိုင်တဲ့ အားသာချက်တစ်ခုကို Io က ပိုင်ဆိုင်ထားပါတယ်။

Overcharge အသုံးပြုထားတဲ့အချိန်အတွင်းမှာ Io ရဲ့ Hp နဲ့ Mana ဟာ 4.5% စီ စက္ကန့်တိုင်းမှာ လျော့နေမှာဖြစ်ပြီး Attack Speed ကို 40/ 50/ 60/ 70 နဲ့ Damage Reduction 5%/10%/ 15%/ 20% ဆီ တိုးစေမှာ ဖြစ်ပါတယ်။ ဒီအားသာချက်ကို မိမိ Tether အသုံးပြုထားတဲ့ Unit ကလည်း အပြည့်အဝ ရရှိနေမှာဖြစ်ပါတယ်။ လျော့နေမယ့် Hpနဲ့ mana Drain ဟာ လက်ကျန်ပမာဏပေါ်မှာ မူတည်ပြီး တွက်ချက်မှာဖြစ်လို့ သွေးနည်းလာ လေလေလျော့မယ့်
ပမာဏနည်းပါးသွားလေဖြစ်ပါလိမ့်မယ်။ Io ဟာ Ally Hero ကို Babysit ပေးရတဲ့ Hero တစ်ကောင်ဖြစ်လို့ tether အသုံးပြု ပြီး Heal ပေးတဲ့အခါမှာ Tether ရဲ့
လိုအပ်ချက်အတိုင်း သူ့မှာ သွေးလျော့နေဖို့ လိုပါတယ်။ ဒါကြောင့် Overcharge ကို အစောပိုင်းမှာ တစ်ဆင့်လောက်ယူထားပြီး မိမိ Hp နဲ့ Mana ကို မိမိစိတ်တိုင်းကျလျှော့ချနိုင်ပါတယ်။

Io  ဟာ casttime 2.5/ 2.25/ 2 Seconds အတွင်းမှာ မိမိနဲ့ tether ချိတ်ထားတဲ့ Unit နဲ့အတူ 12 seconds ကြာမြင့်တဲ့ Global ခရီးသွားနိုင်စွမ်းကို ရရှိမယ့် Relocate ဆိုတဲ့ Ultimate ကို ပိုင်ဆိုင်ထားပါတယ်။ ကစားပွဲတစ်ခုရဲ့ အလှည့်အပြောင်းများစွာကို ဖြစ်ပေါ်စေနိုင်တဲ့ Ultimate တစ်ခုဖြစ်လို့ Professional များကြောက်ရွံ့ရတဲ့ Ultimate ဆိုလည်း မမှားပါဘူး။ မြေပုံတစ်ခုမှာ တိုတောင်းတဲ့ အချိန်အတွင်း Hero ၂ ကောင် ရုတ်တရက် ရောက်လာနိုင်တဲ့ Ability ဖြစ်လို့ Ganking လုပ်ခြင်း၊ ချောင်းမြောင်း သတ်ဖြတ်ခြင်း၊ စစ်ကူဖြည့်ပေးခြင်းစတဲ့ အခြေအနေတိုင်းအတွက် အသုံးပြုလို့ကောင်းပြီး မိမိရဲ့ Ally Unit တစ်ခုခုကို ကယ်ပေးဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ထိုသို့ အသုံးပြုဖို့အတွက် Io ဟာ Relocate ကို Double Click နှိပ်ပြီး ၂ စက္ကန့်အတွင်းမှာ မိမိကယ်မယ့် Ally Hero ကို ရိုးရှင်းစွာ Tether ချိတ်ပေးလိုက်ရုံပါပဲ။ အဆိုပါ Relocate ရောက်ရှိမယ့် နေရာမှာ Delay Time အတွင်း 300 AoE Flying Vision ကို ရရှိမှာဖြစ်ပြီး 300 AoE အတွင်းက သစ်ပင်များကိုတော့ ပျက်စီးစေပါလိမ့်မယ်။

Io ဟာ စင်္ကြာဝဠာရဲ့ အခြေခံအားကြီး ၄ မျိုးထဲက Electro magnetic Force ကို ကိုယ်စားပြု ပြီး ဇာတ်ကြောင်းထဲက အလင်းနဲ့အမှောင် စီးနင်းသူများဟာ Keeper of the Light နဲ့ Chaos Knight တို့ကို ကိုယ်စားပြုပါတယ်။ Io ဟာ တစ်ကိုယ်တည်း ရပ်တည်ဖို့ ခက်ခဲတဲ့ babysitter Hero တစ်ကောင် ဖြစ်ပါတယ်။ သူ့ရဲ့ Ability အားလုံးဟာ အခြား Hero တစ်ကောင်ကို အထောက်အပံ့ပေးဖို့အတွက် ရည်ရွယ်ထားတာဖြစ်လို့ လက်ရှိ Meta မှာတော့ Attack Speed သာ လိုအပ်တဲ့ Tiny နဲ့ တွဲလုံးအထုတ်ဆုံး Hero တစ်ကောင်ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ Armlet, Mask of Madness, Sange and Yasha ကဲ့သို့ အတန်ငယ် မာကျောပြီး Attack Speed လည်း ရရှိမယ့် Item တွေကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ကိုယ်တိုင် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Range Hero တစ်ကောင်ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဒါပေမဲ့ မလွယ်ကူပါဘူး။ Io ဟာ Restore Shareတဲ့ Support Hero တစ်ကောင်ဖြစ်လို့ Mekansm, Arcane Boots, Guardian Greaves, Urn of Shadow ကဲ့သို့ Item တွေဟာ ယေဘုယျ လိုအပ်ချက်ဖြစ်ပြီး အခြား Support Item များဖြစ်တဲ့ Veil of Discord, Heaven Helbard, Solar Crest, Necronomicon, Force Staff  တို့ကိုသာ ရွေးချယ်သွားသင့်တာ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

သင်ဒါကို သိပါသလား။

Io (အိုင်အိုး) ဟာ ဂရိဒဏ္ဍာရီထဲက Zeus နတ်ဘုရား သိမ်းပိုက်ခဲ့တဲ့ မိဘုရားတွေထဲက တစ်ယောက်ဖြစ်တဲ့ Priestess of Hera နတ်ဘုရားမရဲ့ အမည်ဖြစ် ပါတယ်။ ဒါ့အပြင် Jupiter ဂြိုဟ်ရဲ့ ဂြိုဟ်အရံလ ၄ လုံးထဲက တစ်လုံးရဲ့ နာမည်ကိုလည်း Io လို့ အမည်ပေးခေါ်ဆိုထားပါတယ်။

www.dotaboo.com