Amazon Fire HD 6

4b_photo_tech.jpg

တန်ဖိုး – ကန်ဒေါ်လာ ၉၉

အားသာချက် – ငွေကြေးချွေတာလိုသူများအတွက်တော့ ကန်ဒေါ်လာ ၉၉ ဒေါ်လာခန့်သာ အသုံးပြုရမယ့် Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အရွယ်အစား သေးငယ်တာကြောင့် Portable ဆန်ပြီး စွမ်းဆောင်ရည် ပိုင်းမှာလည်း ကောင်းမွန်သလို အသုံးပြုသူအတွက် User Friendly ဖြစ်အောင်လည်း ပြုလုပ်ပေးထားပါတယ်။

အားနည်းချက် – ပလတ်စတစ်နဲ့ ပြုလုပ်တည်ဆောက်ထားတဲ့အတွက် သုံးစွဲသူအနေနဲ့ စိတ်တိုင်းကျမယ့် Tablet အမျိုးအစားတစ်ခုတော့ မဟုတ်ပါဘူး။ ဒါ့အပြင် Customer-service feature တွေဟာလည်း သိပ်ပြီး ကောင်းမွန်တာမျိုးကိုတော့ တွေ့မြင်ရမှာမဟုတ်ပါဘူး။

သုံးသပ်ချက် – ဈေးနှုန်းချိုသာပြီး ebook များ ဖတ်ရှုရန်နဲ့ အင်တာနက်အသုံးပြုရန်အတွက်တော့ ကောင်းမွန်တဲ့ tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း လုပ်ငန်းများကို အဆင်ပြေပြေ လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။


အသေးစိတ်ဖော်ပြချက် – Quad Core Processor ကို သုံးစွဲထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.5 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8 GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Fire OS ဖြစ်ပြီး Version 4.0 ကို အသုံးပြုထားပါတယ်။ Display Screen မှာ IPS LCD capacitive multi-touch screen ကို အသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၆ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း rear camera သာပါဝင်မှာဖြစ်ပြီး 2 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပါတယ်။ MP3, WAV, eAAC အစရှိတဲ့ Audio Format များကို အထောက်အပံ့ပေးထားပါတယ်။ တောက်လျှောက်အသုံးပြုမယ်ဆိုရင်တော့ ၈ နာရီခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း – ကျစ်လျစ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတဲ့ Amazon Fire HD 6 ဟာ Power button နဲ့ USB port ကို tablet ရဲ့ အပေါ်ဘက်ပိုင်းမှာ တပ်ဆင်ပေးထားပါတယ်။ ဘယ်ဘက်အခြမ်းမှာ Volume အတိုးအလျော့ button ကို ထည့်သွင်းပေးထားပြီး အလေးချိန်ကတော့ ၁၀.၂၃ အောင်စသာသာ ရှိမှာဖြစ်ပါတယ်။

Ref: CNET