Wun Zinn

Wun-Zinn.jpg

မြန်မာဘာသာဖြင့် ရေးသားထုတ်ဝေထားသည့် စာအုပ်များကို အဆိုပါ App ပေါ်မှ အခမဲ့ ရယူကြည့်ရှုနိုင်သလို ဝယ်ယူ၍လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Wun Zinn app တွင် စာအုပ်ကဏ္ဍ အမျိုးအစားပေါင်းများစွာ ပါဝင်မည်ဖြစ်ပြီး စာအုပ်များကို မြန်မာကျပ်ငွေ ၃၀၀ ကျပ်မှ ၁၀၀၀ ကျပ်နီးပါးအထိ တန်ဖိုးသတ်မှတ်ထားကာ ရောင်းချပေးနေ မည် ဖြစ်သည်။ အဆိုပါ app ကို iTunes တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 14.2MB ခန့်သာ ရှိမည်ဖြစ်သည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။