Safari browser တွင် Password များကို iDevice များပေါ်မှ စီမံခန့်ခွဲခြင်း

12032182_10153205548717825_2012556820720477425_n.jpg

iPhone, iPad သုံးစွဲသူများ Safari browser ကို သုံးစွဲပြီး ဝက်ဘ်ဆိုက်များကို အသုံးပြုတဲ့အခါမှာ မိမိ အသုံးပြုတဲ့ User Name, Password အစရှိတာတွေကို အများအပြား မှတ်သားထားရမယ်ဆိုရင် Safari Browser ရဲ့ Password manager ကို အသုံးပြုပြီး မှတ်သားထားနိုင်ပါတယ်။ ဒီနေရာမှာ အသုံးမပြုချင်တော့တဲ့ ဝက်ဘ်ဆိုက်တွေမှာ ဝင်ထားတဲ့ user name, password အစရှိတာတွေကို ပြန်လည်ဖျက်စီးဖို့အတွက်ဆိုရင် Password manager ကနေ သွားရောက် စီမံရမှာပါ။

Safari browser ရဲ့ Password manager ကို အသုံးပြုဖို့အတွက် Touch ID ဒါမှမဟုတ် Passcode ကို အသုံးပြုပြီး ဝင်ရပါမယ်။ ဒါမှသာ ကိုယ်ထည့်သွင်း သတ်မှတ်ထားတဲ့ Password တွေကို အခြားသူတွေ အလွယ်တကူနဲ့ ဝင်ရောက်ကြည့်ရှုခြင်း မပြုနိုင်မှာဖြစ်ပါတယ်။ Password manager ကို အသုံးပြုဖို့အတွက် Settings ထဲကို ဝင်ရပါမယ်။

နောက်တစ်ဆင့်ကတော့ Settings ထဲက Safari ဆိုတာကို ရွေးချယ်ပေးရပါမယ်။

Safari ကို ရွေးချယ်ပြီးသွားရင် ဘယ်ဘက်ထောင့် အောက်ခြေမှာရှိတဲ့ Edit ဆိုတဲ့ button ကို နှိပ်ရပါမယ်။ အဆိုပါနေရာမှာ မိမိပြင်ဆင်လိုတဲ့ ဝက်ဘ်ဆိုက်ရဲ့ User name, Password အစရှိတဲ့ မှတ်သားထားတဲ့ နေရာကို Select ပြုလုပ်ပြီး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ Edit ကို မနှိပ်ဘဲ ညာဘက်ထောင့်မှာပေါ်တဲ့ Delete button ကိုနှိပ်ရင်တော့ အသုံးမပြုလိုတော့တဲ့ ဝက်ဘ်ဆိုက်ရဲ့ User name, Password အစရှိတာတွေကို ရှာဖွေပြီး Select ပြုလုပ်လိုက်ပါ။ ပြီးသွားရင် ဘယ်ဘက်အပေါ်ထောင့်နားလေးမှာ Delete button ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထိုနေရာကနေ ဖျက်ပစ်နိုင်မှာဖြစ်ပါတယ်။

Ref: howtogeek