Apple ၏ ပထမဦးဆုံးကားကို ၂၀၁၉ ခုနှစ်တွင် တွေ့မြင်ရမည်ဟုဆို

12032182_10153205548717825_2012556820720477425_n.jpg

Apple က ထုတ်လုပ်ရန် စီစဉ်နေသည့် လျှပ်စစ်ကားကို ၂၀၁၉ ခုနှစ်တွင် တွေ့မြင်ရဖွယ်ရှိကြောင်း The Wall Street Journal မှ ဖော်ပြခဲ့သည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ သိရှိသူများ၏ အဆိုအရ Apple သည် ကယ်လီဖိုးနီးယားတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် Titan ဟုခေါ်သည့် ကားစီမံကိန်းအတွက် လူ ၆၀၀ ပါဝင်သော အဖွဲ့ကို သုံးဆအထိ တိုးမြှင့်ရန် စီစဉ်နေကြောင်း သိရသည်။

သို့ရာတွင် Apple ၏ ပထမဦးဆုံးကားသည် မောင်းသူမဲ့ကား မဟုတ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

Ref: TheNextWeb