Asus Chromebook Flip C100

ASUSChromebookFlipC100PA-SH-cnet-2015sept15-.jpg

USD – 229

အသေးစိတ်ဖော်ပြချက်

Asus Chromebook Flip C100 တွင် Google ၏ Chrome OS အသုံးပြုထားသည်။ ဈေးနှုန်းသက်သာသော ကွန်ပျူတာအများစုတွင် သုံးစွဲသူများ ပြုလုပ်လိုသည့် လုပ်ဆောင်ချက်များစွာအတွက် Chrome OS ကို အသုံးပြုထားသည်။ Asus ၏ C100 သည် ပါးလွှာပေါ့ပါးသည့် အလူမီနီယမ်ဖြင့် ဖန်တီးထားသည်။ ၎င်း၏မျက်နှာပြင် အရွယ်အစားမှာ ၁၀.၁ လက်မ touchscreen ဖြစ်သည်။  C100  တွင် ၃၆၀ ဒီဂရီလှည့်လည်ပြီး tablet အဖြစ် အသုံးပြုနိုင်သော ပတ္တာတစ်ခု ပါဝင်သည်။  C100 တွင်  Intel Celeron ပရိုဆက်ဆာအစား တရုတ်ချစ်ပ်ကုမ္ပဏီ Rockship မှ ARM အခြေခံ CPU ကို အသုံးပြုထားသည်။ အဆိုပါ CPU သည် စမ်းသပ်မှုများအရ စွမ်းဆောင်ရည် နှေးကွေးသော်လည်း အခြား chromebook များနှင့်နှိုင်းယှဉ်လျှင် အင်တာနက် အသုံးပြုရာတွင် မြန်ဆန်သည်။ C100 တွင် အသုံးပြုထားသည့် စွမ်းအင်အသုံးပြုမှု နည်းပါးသည့် ပရိုဆက်ဆာကြောင့် ဘက်ထရီ သက်တမ်းရှည်သည်။ C100 သည် Chrome OS ကြောင့် သုံးစွဲရာ၌ အကန့်အသတ်ရှိပြီး အွန်လိုင်းအသုံးပြုခြင်းကိုသာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်သည်။ Gmail, Netflix နှင့်  လူမှုရေးမီဒီယာနှင့် သတင်းဝက်ဘ်ဆိုက်များသာ အသုံးပြုနိုင်သည်။ Photoshop သို့မဟုတ် iTunes ကဲ့သို့ software app များကို Windows software ကဲ့သို့ download ပြုလုပ်ပြီး install  မပြုလုပ်နိုင်ပေ။

C100 တွင် USB 2.0 ပေါက်နှစ်ခု ပါဝင်သည်။ ထို့ကြောင့် C100 တွင် ပါဝင်သည့် Bluetooth 2.0 ကြောင့်  16GB SSD သို့အချက်အလက် လွှဲပြောင်းရာတွင် နှေးကွေးသည်။ ထို့အပြင် C100 တွင် micro အမျိုးအစား HDMI နှင့် SD card အတွက် port များပါဝင်သည်။

အားသာချက်

Asus Chromebook Flip C100 သည် ဈေးနှုန်းသက်သာသည်။ ၎င်းထုတ်ကုန်မှာ hybrid  အမျိုးအစားဖြစ်ပြီး အလူမီနီယမ် ကိုယ်ထည်နှင့် ဖန်တီးထားသလို touchscreen လည်းပါဝင်သည်။

အားနည်းချက်

Asus Chromebook Flip C100  ၏ touchscreen မှာ တုံ့ပြန်မှု နှေးကွေးသည်။ ထို့အပြင် ၎င်းအတွင်း ပါဝင်သည့်  Rockchip CPU သည် စမ်းသပ်မှုတချို့တွင် စွမ်းဆောင်ရည် အားနည်းသည်။

ဘက်ထရီ

Asus Chromebook Flip C100  သည် စွမ်းဆောင်ရည် နှေးကွေးသော်လည်း ဘက်ထရီသက်တမ်း အလွန်ကောင်းမွန်သည်။ ၎င်းထုတ်ကုန်သည် အွန်လိုင်း  ဗွီဒီယိုများကို HD အရည်အသွေးဖြင့် ၁၃ နာရီတိတိ ကြည့်ရှုနိုင်သည်။

Ref: CNET