Windows 10 USB Installer ကိုဖန်တီးခြင်း

win10usb-step1.jpg

Windows 10 ကို အသုံးပြုချင် သူများအတွက် Windows 10 USB Installer ဖိုင်ကို ဖန်တီးပြုလုပ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ အတိုင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် ကွန်နက်ရှင်တော့ လိုအပ်မှာဖြစ်ပါတယ်။ Windows 10 USB Installer ဖိုင်ပြုလုပ်မယ်ဆိုရင် USB Storage အနည်းဆုံး 3GB အထက်ရှိရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး Windows 10 ကိုလက်ရှိ အသုံးပြုနေတဲ့ Windows 7 သို့မဟုတ် Windows 8 နှင့် 8.1 version တို့ပေါ်ကနေ Upgrade ပြုလုပ်ချင်သူများအတွက် Microsoft ကထုတ်လုပ် ဖြန့်ချိပေးတဲ့ Media Creation tool ဆိုတာနဲ့ Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Windows 10 USB Installer ကိုလည်း Media Creation Tool ကို အသုံးပြုပြီး ပြုလုပ်ဖန်တီးပေးရပါမယ်။

Media Creation Tool ကိုရယူဖို့အတွက် https://goo.gl/dtbQwX ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်ကိုရောက်ရင် ကိုယ်လက်ရှိ တင်ထားတဲ့ Windows ဟာ Windows 32 bit လား 64 bit လားဆိုတာကို ခွဲခြားပြီးကိုယ့်ရဲ့ Windows နဲ့ကိုက်ညီမယ့် Media Creation Tool ကို Download လုပ်ယူရပါမယ်။

Download ပြုလုပ်ပြီးပြီဆိုရင် အဆိုပါ ဖိုင်ကို Run လိုက်ပါ။ Upgrade This PC Now ရယ် Create installation media for another PC ဆိုတာရယ်ကိုတွေ့ရင်  Create installation media for another PC ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ရွေးချယ်ပေးပြီးရင် Next ကိုနှိပ်လိုက်ပါ။ နောက်တစ်ဆင့်ရောက်ရင် Language ကို English ရွေးပေးထားပြီး Edition မှာကိုယ်နှစ်သက်တဲ့ Edition ကို ရွေးချယ်ပေးရပါမယ်။

ပြီးသွားရင်တော့ USB Device နဲ့အသုံးပြုမှာ ဖြစ်တဲ့အတွက် USB flash drive ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ရွေးချယ်ပေးပြီးရင် Next ကိုနှိပ်လိုက်ပါ။ Next ကို နှိပ်ပြီးရင် USB drive ကိုကိုယ်အသုံးပြုမယ့် USB drive ကိုရွေးချယ်လိုက်ပါ။ Next button ကို ထပ်နှိပ်လိုက်ရင် Windows 10 အတွက် လိုအပ်တဲ့ ဖိုင်တွေကို စတင် download ပြုလုပ်ပြီး အဆိုပါ Stick ထဲကိုထည့်သွင်း ပေးသွားပါလိမ့်မယ်။

Download ပြုလုပ်တဲ့ လုပ်ငန်းစဉ်တွေ ပြီးသွားရင်တော့ ညွှန်ပြထားတဲ့ လုပ်ငန်းများအတိုင်း ထပ်မံပြုလုပ် ပေးသွားလိုက်လျှင် Windows 10 USB Installer ကိုဖန်တီးတဲ့ လုပ်ငန်းအဆင့် ပြီးဆုံးသွားပြီဖြစ် ပါတယ်။ အဆိုပါ USB Stick နဲ့ အခြားသော ကွန်ပျူတာတွေပေါ်မှာ တပ်ဆင်ပြီး Windows 10 ကို Upgrade အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။