Ubuntu OS ပေါ်တွင် Plank Dock အားထည့်သွင်း အသုံးပြုခြင်း

plank-featured-new.jpg

Ubuntu OS အသုံးပြု သူများမိမိရဲ့ Desktop ပေါ်မှာ Dock ကိုထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် Plank ကိုထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Plank Dock ဟာ Desktop ပေါ်မှာတင် မိမိအလိုရှိတဲ့ ဆော့ဖ်ဝဲတွေကို အလွယ်တကူ ဖွင့်နိုင်ရန်နှင့် အခြားလုပ်ငန်းစဉ်များကို အလွယ်တကူလုပ် ဆောင်နိုင်ရန်အတွက် စီစဉ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Plank Dock ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update  တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt+ T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။

ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

ပြီးသွားရင်တော့ Terminal မှာ Plank Dock ကိုထည့်သွင်းဖို့အတွက် အသုံးပြုရမယ့် Command တွေ ကတော့ –

sudo add-apt-repository ppa:docky-core/stable

sudoapt-get update

sudoapt-get install plank

ဆိုတဲ့ Command ကို တစ်ကြောင်းချင်းစီ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အဆိုပါ Command ကိုထည့်သွင်း ပြီးရင် Plank Dock နဲ့ ပတ်သက်တဲ့ package တွေကို download ဆွဲပေးသွားမှာဖြစ်ပြီး တစ်ခါတည်း download ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Install ပြုလုပ် ပြီးသွားပြီဆိုရင် Dash Home ကို နှိပ်လိုက်ပါ။ Search box မှာ Plank ဆိုတဲ့ Keyword ကိုရိုက်ထည့်လိုက်ရင် plank dock ဆော့ဖ်ဝဲကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ Plank dock icon ကို Right-click ပြုလုပ်ပြီး နှစ်သက်သလို Settings ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။

ပြီးဆုံးသွားရင် Plank dock ကို ဘယ်နေရာမှာ ထားမှာလဲဆိုတာမျိုးကိုပါ ရွေးချယ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ အထက်ပါ လုပ်ငန်းစဉ်တွေ ပြီးဆုံးသွားပြီဆိုရင်တော့ Plank dock ကို Ubuntu OS မှာထည့်သွင်းတဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။