iPhone 6S အလေးချိန် တိုးလာခြင်းမှာ အလူမီနီယမ်သတ္တုစပ်ကြောင့် မဟုတ်ဟုဆို

iphone-6s-SH-theverge-2015sept16(2).jpg

iPhone 6S သည် iPhone 6 ထက် အနည်းငယ် အလေးချိန်ပိုများသည်။ အလေးချိန်ပြောင်းလဲမှုမှာ သိသာခြင်း မရှိသော်လည်း iPhone 6S နှင့် 6S Plus တို့သည် ယခင်မော်ဒယ်များထက် ၁၁ ရာခိုင်နှုန်း  အလေးချိန်ပိုမို များပြားသည်။

မျိုးဆက်သစ် iPhone များ၏ အလေးချိန်မှာ အသစ်ပါဝင်လာသည့် အလူမီနီယမ် သတ္တုစပ်ကြောင့် မဟုတ်ပေ။ Apple ၏စိတ်ကြိုက် ပြုလုပ်ထားသော အလူမီနီယမ် သတ္တုစပ်သည် မည်သည့်အရာဖြင့် ဖန်တီးထားကြောင်း မသိရသော်လည်း 7000-series သတ္တုစပ်များသည်  iPhone 6 တွင် အသုံးပြုထားသော 6000-series ထက်သိပ်သည်းဆ အနည်းငယ်သာရှိသည်။ Apple ၏ဖော်ပြချက်အရ 6S Plus တွင် အသုံးပြုထားသော အလူမီနီယမ်သည် ယခင်မျိုးဆက်မှ အလူမီနီယမ်ထက် ၂ ဂရမ်ရှိသည် iPhone 6S တွင် အသုံးပြုထားသော အလူမီနီယမ်သည် iPhone 6 ထက် အလေးချိန် ၁ ဂရမ်ပိုများသည်။ iPhone 6S ဖုန်းများတွင် အလူမီနီယမ်သစ်များ အသုံးပြုထားခြင်းကြောင့် ကွေးညွှတ်မည့် အန္တရာယ်မှ ကာကွယ်နိုင်သည်။

iPhone 6S နှင့် 6S Plus တို့ အလေးချိန်ပိုလာရခြင်းမှာ 3D Touch  display  အသစ်ကြောင့်ဖြစ်သည်။ ၎င်း display သည်ယခင်မျိုးဆက်တွင်ပါဝင်သည့် display ထက်အလေးချိန် နှစ်ဆပိုလာသည်။ iPhone 6 တွင်အသုံးပြုခဲ့သော display အလေးချိန်မှာ ၁၂ ဂရမ်ရှိပြီး ယခု display မှာ ၂၉ ဂရမ်ရှိလာသည်။ ကောလာဟလများအရ iPhone 6S တွင်ပါဝင်သည့် display ၏ backlight အတွင်း ထည့်သွင်းထားသော capacitive pressure  သစ်ကြောင့် မျက်နှာပြင်မှာ ထူထဲကာ အလေးချိန်ပိုမို များပြားလာခြင်း ဖြစ်ဖွယ်ရှိသည်။

Ref: TheVerge