Toy Defense 3 : Fantasy

screen520x924.jpeg

 မှော်ပညာတွေ ဝန်းရံနေတဲ့ မြို့ လေးထဲကို ဝင်ရောက်တိုက်ခိုက်လာတဲ့ နဂါးတွေ အန္တရာယ်က ကာကွယ်ရမယ့်ဂိမ်းတစ်ခု ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် ဂိမ်းကစားသူသည် သူငယ်ချင်းအပေါင်းအသင်းများကို ဖိတ်ခေါ်ပြီး ဆော့ကစားနိုင်မည်ဖြစ်သည်။ မှော်တိုက်ပွဲများစွာကို ဆင်နွဲရမည့် ဂိမ်းအမျိုးအစားတစ်ခုလည်း ဖြစ်သည်။

အဆိုပါ ဂိမ်းကို ဆော့ကစားလိုသူများအနေဖြင့် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းရပြီး၊ ယခုအခါမှာတော့ အချိန်သတ်မှတ်ချက်ဖြင့် အခမဲ့ Download ပြုလုပ်နိုင်မည်ဖြစ်သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာလည်း 103MB ခန့်သာရှိမည်ဖြစ်သည်။ iOS Version 6.0 နှင့် အထက်တွင် Download ပြုလုပ်နိုင်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။