PSB Academy မှပေးအပ်သည့် 2014-2015 Leadership Award ဆုရရှိခဲ့သော မောင်စိုးမင်းထက်၏ Student Life

55a2e4a47ea57d894d91edb5a0909a04182c7f1836e6a724bcfd07988dc168e7.jpg

ဒီအပတ်မှာတော့ PSB Academy မှပေးအပ်တဲ့ 2014-2015 Leadership Award ဆုကိုရရှိခဲ့တဲ့ မောင်စိုးမင်းထက် (Denny) ရဲ့ Student Life ကိုဖော်ပြပေးမှာဖြစ်ပါတယ်။

တက်ရောက်နေတဲ့ ကျောင်းရဲ့အကြောင်းပြောပြပေးပါ။

ကျွန်တော်က PSB Academy (Singapore) မှာကျောင်းတက်နေတာပါ။ PSB Academy (Singapore)  က Private Education School တစ်ခုဖြစ်ပြီး ကျောင်း သူ၊ ကျောင်းသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်တဲ့ စီးပွားရေးနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေနဲ့ ဆက်နွှယ်တဲ့ Courses အမျိုးမျိုးကို သင်ကြားပေးပါတယ်။ ပြီးတော့ PSB Academy (Singapore) က Private Education နဲ့ပတ်သက်ရင် စင်ကာပူမှာ နံပါတ်တစ်ဖြစ်တော့ Diploma ပြီးလို့ ဘယ် University ပဲရွေးရွေး အလုပ်အတွက်ပဲလုပ်လုပ် အဆင်ပြေဆုံးလို့ ထင်ပါတယ်။

ဘယ်ဘာသာရပ်ကိုတက်ရောက်နေတာလဲ။ ဘာကြောင့် ဒီဘာသာရပ်ကို တက်ဖို့ရွေးချယ်ဖြစ်ခဲ့တာလဲ။

အခုတော့ ကျွန်တော်က PSB Academy (Singapore) မှာ Engineering (Electrical) ဘာသာရပ်ကို Diploma ကိုတက်ရောက်နေပါတယ်။ Engineering ကို ငယ်ငယ် ကတည်းကကြိုက်ပါတယ်။ ၁၀ တန်း ပြီးတော့ civil ကိုစိတ်ဝင်စားပါတယ်။ ပြီးတော့ Mechanical လည်း ပါပါတယ်။ Pros & Cons တွေတွက်ကြည့်ပြီး ကျွန်တော်နဲ့လိုက်ဖက်မယ် ထင်တာရယ်၊ ကျွန်တော့်အဖေရဲ့ဝါသနာ၊ သူရဲ့အကြံပေးချက်နဲ့ Electrical and Electronic Engineering ကို တက်ရောက်ခဲ့တာပါ။ 

စင်ကာပူကို ကျောင်းလျှောက်ခဲ့တဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့လည်း ပြောပြပေးပါ။

စင်ကာပူနိုင်ငံမှာ ပညာသင်ကြားနိုင်ဖို့အတွက် STUDY ABROAD Information Centre က ကျွန်တော့်ကို လိုအပ်တဲ့လမ်းညွှန်မှုတွေနဲ့ ကျွန်တော်စိတ်ဝင်စားတဲ့ကျောင်းနဲ့ ပတ်သက်တဲ့ Information တွေကို ပြည့်ပြည့်စုံစုံပေးခဲ့ပါတယ်။   ကျောင်းလျှောက်ဖို့အတွက်လိုအပ်တဲ့  Academic စာရွက်စာတမ်းတွေ၊ Personal စာရွက်စာတမ်းတွေ၊ နိုတြီပြန်ဖို့ ကူညီပေးခဲ့ရုံ သာမက လိုအပ်တဲ့ ဆေးစစ်ချက်တွေအတွက်လည်း ကူညီပေးခဲ့ပါတယ်။ STUDY ABROAD ရဲ့စနစ်ကျတဲ့ဆောင်ရွက်မှုတွေနဲ့ ကျွန်တော် Offer Letter ရရှိခဲ့ပါတယ်။ ပြီးနောက်မှာတော့ စင်ကာပူ ICA ရဲ့ Student Pass Approval ရရှိခဲ့ပြီး စင်ကာပူနိုင်ငံမှာ ကျောင်းတက်ရောက်ခွင့်ကို ရရှိခဲ့ပါတယ်။

စာသင်ကြားမှုပုံစံနဲ့ပတ်သက်ပြီး အတွေ့အကြုံလေးတွေ ပြောပြပေးပါ။

စာသင်ကြားမှုပုံစံကတော့ အရမ်းကောင်းပါတယ်။ မြန်မာပြည်မှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းထိ တက်ရောက်ခဲ့ပါတယ်။ ဒီမှာ တက်ခဲ့တုန်းကတော့ အလွတ် ကျက်ရတာများပါတယ်။ ဟိုရောက်ရင် တော့ အဲ့ဒါအဆင်မပြေပါဘူး။ စာကိုသေချာနားလည်အောင် လုပ်ရပါ တယ်။ အားလုံးကိုအလွတ်ကျက်မှတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ အဲဒီတော့ စာနားမလည်ရင် Lecturer တွေကို email နဲ့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် သွားပြီးတော့ပဲဖြစ်ဖြစ် မေးရပါတယ်။ ကိုယ့်ရဲ့ကျောင်းက Senior တွေကိုလည်းမေးပါ။ အားလုံးက ရှင်းပြပါတယ်။ ကျွန်တော်ဆို Senior တွေအများကြီးပဲ။ အမြဲတမ်းလည်းမေးနေတာပဲ။ စာတစ်ခုတည်း မဟုတ်ပါဘူး။ အရာရာပါပဲ။

စာသင်ကြားနေစဉ်အတွင်း အခက်အခဲတွေရှိခဲ့သလား။

စာသင်ကြားနေစဉ်အတွင်းအခက်အခဲကတော့ ကျွန်တော့်မှာ များများစားစားမရှိပါဘူး။ မသွားခင်ကလည်း STUDY ABROAD နဲ့တိုင်ပင်ပြီး Mathematics နဲ့ Physics ကိုပြင်ဆင်သွားခဲ့ပါတယ်။ အဲဒီတော့ အရမ်းအဆင်ပြေတာပေါ့။ ကျွန်တော်တို့ Batch က မြန်မာတွေက ထိပ်ဆုံးတွေမှာပါပဲ။ Mathematics နဲ့ Physics ရော ကောင်းကြပါတယ်။

ကျောင်းပြီးသွားရင် ဘာဆက်လုပ်ဖို့စဉ်းစားထားသလဲ။

အခုတော့ ဒီပလိုမာပြီးသွားပါပြီ။ IELTS ဖြေဖို့အတွက် ပြင်ဆင်နေပါတယ်။ University ဆက်တက်ဖြစ်မှာပါ။ University of Newcastle, Australia အတွက်ပြင်ဆင်နေ ပါတယ်။ ကျောင်းတက်ရင်း ကျောင်းစာ အပြင် Discussion များများလုပ်ပြီး ကျွန်တော်ရဲ့ Future Plan ကို စဉ်းစားနေပါတယ်။

စင်ကာပူမှာကျောင်းတက်ရင်း  တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေး ပြောပြပေးပါ။

ကျောင်းအပြင် Activities တွေအတွက်တော့ ကိုယ့်မြန်မာ ကျောင်းသားတွေ အတွက် Recruitment Manager အဖြစ် MSA (Myanmar Student Association), PSB မှာ တစ်နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျောင်းစာက တစ်ဖက်၊ Activities က တစ်ဖက်ဆိုတော့Time Management ကအရမ်းအရေးကြီးပါတယ်။ အခက်အခဲတွေလည်း အများကြီးပါပဲ။ GPA မကျအောင်လည်း လုပ်ရင်း MSA အတွက်လည်း အကောင်းဆုံး လုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း PSB ကပေးတဲ့ 2014-2015 Leadership Awards မှာ MSA ရဲ့ Recruitment Manager အဖြစ်ဆုရခဲ့တယ်။ MSA က မြန်မာကျောင်းသားတွေ စိတ်ဖိစီးမှုလျော့နည်းပြီး  ကျောင်းနေပျော်ဖို့ အတွက်  Event  တွေလုပ်ခဲ့ပေးပါတယ်။  အဲဒီ့ထဲမှာမှ Thinggyan Event, Culture Show, ဝါဆိုသင်္ကန်းကပ်တဲ့ Event တွေကနာမည်ကြီးပေါ့ဗျာ။ ပင်ပန်းသလို လူလည်းပျော်ပါတယ်။ အဲ့ဒီကနေ Senior တွေ၊ Friends တွေလည်း အများကြီးရပါတယ်။ ပြောရရင် အကူအညီတွေပေါ့ဗျာ။

ပြည်ပမှာကျောင်းသွားတက်မယ့်သူတွေအတွက် အကြံပြုစကားလေး ပြောပြပေးပါဦး။

နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့် ညီမလေး၊ ညီလေးတွေအတွက် ကတော့  အင်္ဂလိပ်စာကိုသေချာပြင်ဆင်ပါ။  Engineering  ဆိုရင်  Mathematics နဲ့ Physics ကိုပြင်ဆင် လာခဲ့ကြပါ။