DotA 2 Reborn ၏ Full Release ထွက်ရှိ

DOTA2-AT-online-news-2015SEP17.jpg

DotA 2 ၏ စက်တင်ဘာလထုတ် Reborn Update ထွက်ရှိ လာပြီး ယခင် beta အဆင့်မှနေ၍ full release အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည် ။

Graphics ပိုင်း lighting effects ပိုင်းများ အဆင့်မြှင့်တင်ထားသောကြောင့် ပိုမိုကြည့်ကောင်းလာပြီဖြစ်ကြောင်း သိရသည်။ Main game mode အပြင် 10 vs 10 ကစားနိုင်သော map များ၊ Tower Defense map များနှင့် Gladiator mode ကဲ့သို့ Overthrow မြေပုံမျိုးစုံ ပါဝင်ထားသည့်အတွက် WarCraft III custom maps များ ကစားခဲ့သူများ အထူး နှစ်သက်စေမည်ဟု သိရသည်။ မူလ DotA 2 ဂိမ်းရှိပြီးသားသူ များအနေဖြင့်လည်း အလွယ်တကူ back up & retore နည်းလမ်းဖြင့် install ပြုလုပ်နိုင် မည်ဖြစ်သည်။ Menu နှင့် User Interface (UI) ပိုင်းကိုလည်း ပိုမိုကောင်းမွန်လာအောင် စီစဉ်ထားပြီး မိမိမဝယ်ယူရသေးသော Item Sets များကိုလည်း စမ်းသပ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

GAME HIVE ဖုန်း၊ ၀၉ ၇၃၁၁၈၅၅၀  နှင့် ၀၉၄၅၀၀၄၁၅၀၀ သို့ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။