App Store ထုတ်ကုန်အချို့တွင် အန္တရာယ်ရှိသော code များ ရှာဖွေတွေ့ရှိခဲ့ကြောင်း Apple အတည်ပြု

12036848_10153203508927825_652364631577839574_n.jpg

ဟက်ကာများသည် ကုမ္ပဏီ၏ ထုတ်ကုန်များအတွက် software developer များ အသုံးပြုသော Xcode tool ကို ပြုပြင်မွမ်းမံကာ App Store ရှိ app များသို့ အန္တရာယ်ရှိသော code များ ထည့်သွင်းခဲ့ကြောင်း Apple မှ အတည်ပြု ပြောကြားခဲ့သည်။

လက်ရှိတွင် App Store ရှိ app အရေအတွက် ၄၀ ခန့်တွင် အန္တရာယ်ရှိသော code သို့မဟုတ် malware များ ပါဝင်ကြောင်း အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသော အွန်လိုင်းလုံခြုံရေးကုမ္ပဏီတစ်ခု ဖြစ်သည့် Palo Alto Networks မှ သုတေသီများက ပြောကြားခဲ့သည်။ ၎င်းဖြစ်ရပ်သည့် သုံးစွဲသူ သန်းပေါင်းများစွာထံ သက်ရောက်မှုရှိနိုင်ကြောင်း လုံခြုံရေးကုမ္ပဏီက blog post တစ်ခုတွင် ရေးသားဖော်ပြခဲ့သည်။

အန္တရာယ်ရှိသော code များပါဝင်သည့် app စာရင်းတွင် WeChat, Didi Kuaidi နှင့် CamCard ကဲ့သို့သော တရုတ်နိုင်ငံ၏ နာမည်ကျော် app အချို့ ပါဝင်သည်။ တရုတ်အွန်လိုင်းလုံခြုံရေးကုမ္ပဏီ Qohoo ကမူ app ၃၀၀ ကျော်ခန့်တွင် malware များကူးစက်ပျံ့နှံ့နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုခဲ့သည်။

Developer code အတုများသည် မယုံကြည်ရသော ရင်းမြစ်များမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း Apple မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတင်း မိုနာဂန်က ဆိုသည်။ “ကုမ္ပဏီရဲ့ ဖောက်သည်တွေကို ကာကွယ်ပေးဖို့အတွက် App Store က app တွေကို ဖယ်ရှားခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

အန္တရာယ်ရှိသည့် code များပါဝင်သော app များ download ပြုလုပ်မှုအကြိမ်အရေအတွက်ကို မသိရှိရသေးသော်လည်း ထိခိုက်နစ်နာမှုအတွက် တရုတ် e-commecr ကုမ္ပဏီကြီး ဖြစ်သည့် Alibaba, Palo Alto Networks နှင့် app ရေးဆွဲသူများအပြင် Apple မှ လုံခြုံရေးသုတေသီများက ဆန်းစစ်မှု ပြုလုပ်နေကြောင်း Palo Alto Networks မှ ရိုင်ယန်အောလ်ဆန်က ပြောကြားခဲ့သည်။

Ref: NYTimes