Wikipedia ရှိဆောင်းပါး အများစုကို ဖွံ့ဖြိုးပြီး နိုင်ငံများက တည်းဖြတ်လျက်ရှိ

wikipedia-SH-theguardian-2015sept16.jpg

Wikipedia ဝက်ဘ်ဆိုက်ရှိ ဆောင်းပါးထက်ဝက်ခန့်ကို ဖွံ့ဖြိုးပြီး ၅ နိုင်ငံမှသာ အဓိက တည်းဖြတ်မှုများ ပြုလုပ်နေကြောင်း အောက်စဖို့ဒ် တက္ကသိုလ်ရှိ သုတေသီများ တွေ့ရှိခဲ့ကြသည်။

Wikipedia ဆောင်းပါးများရှိ geocode များသည် လောင်ဂျီတွဒ်နှင့် လတ္တီတွဒ်ကျူဒ်များဖြင့် ကမ္ဘာပေါ်ရှိတည်နေရာ အတိအကျကို ဖော်ပြပေးသည်။ ထိုဖော်ပြချက်များအရ ယူကေ၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီနိုင်ငံများမှ Wikipedia ရှိ ဆောင်းပါးများကို တည်းဖြတ်မှုနှုန်းမှာ ၄၅ ရာခိုင်နှုန်းအထိ ရှိသည်။ နယ်သာလန် နိုင်ငံသည် ဆောင်းပါးတည်းဖြတ်သည့် အရေအတွက် အများဆုံး ၁၀ နိုင်ငံတွင် မပါဝင်သော်လည်း အာဖရိနိုင်ငံများ တည်းဖြတ်မှု ပြုလုပ်သော အကြိမ်အရေအတွက်ထက် ပိုမိုများပြားလျက်ရှိသည်။

စစ်တမ်းများက ဒေသခံများ၏ အသံကိုယ်စားပြုမှုနှင့် နိုင်ငံအပေါ် အဓိပ္ပာယ် ဖွင့်ဆိုနည်းပါးခြင်းကို ပြသနေကြောင်း အောက်စဖို့ဒ် တက္ကသိုလ်၏ အင်တာနက်သိပ္ပံမှ သုတေသနကို ဦးဆောင်ပြုလုပ်သူ ဒေါက်တာမာ့ခ်ဂရေဟမ်က ပြောကြားခဲ့သည်။ အထူးသဖြင့် တစ်ဦးချင်း ဝင်ငွေမြင့်မားသည့် နိုင်ငံများသည်လူအများစု အသုံးပြုကြသော စွယ်စုံကျမ်းတွင် တစ်ဖက်စောင်းနင်း အချိုးအစား မညီမျှမှုများ ဖြစ်ပေါ်နေ သည်။  ထို့ကြောင့်  Wikipedia အယ်ဒီတာများစွာရှိသည့် နိုင်ငံများသည် နိုင်ငံငယ်များနှင့် ပတ်သက်သည့် အသိပညာကို လွှမ်းမိုးနိုင်မည် ဖြစ်သည်။ ဆင်းရဲသော နိုင်ငံများသည် Wikipedia တွင် တည်းဖြတ်မှု အနည်းငယ်သာပြုလုပ်ပြီး တည်းဖြတ်မှုအများစုမှာ ဥရောပနှင့် မြောက်အမေရိကတို့မှ ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် Wikipedia မှတ်တမ်းများရှိ အကြောင်းအရာများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အသိပညာများနှင့် ပြည့်နှက်နေသည်။

Ref: TheGuardian