Minna no Nihongo

Minna.jpg

ဂျပန်ဘာသာကို လေ့လာနေသူများအတွက် အသုံးဝင်မည့် app တစ်ခု ဖြစ်သည်။ Minna no Nihongo app သည် Minna no Nihongo ဖတ်စာတွင်ပါဝင်သည့် သင်ခန်းစာများကို ထည့်သွင်းပေးထားပြီး အဆိုပါ သင်ခန်းစာများကို မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် လေ့လာသင်ကြားနိုင်ရန် စီစဉ်ပေးထားသည့် app မျိုးလည်း ဖြစ်သည်။

Download ပြုလုပ်လိုသူများအနေဖြင့် Play Store တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 44MB ခန့် ရှိမည်ဖြစ်သည်။ Android version 3.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app လည်း ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။