Manufacturing Myanmar 2015 ကျင်းပမည်

IMG_0493.jpg

ပြည်တွင်းစက်မှုထုတ်ကုန် လုပ်ငန်းများ တိုးတက်လာစေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကာ နောက်ဆုံးပေါ် နည်းပညာများ အား ပြသမည့် Manufacturing Myanmar 2015 အား အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmar Event Park (MEP) ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ကမ္ဘာတစ်ဝန်းမှ နောက်ဆုံးပေါ် ထုတ်လုပ်ရေးသုံး စက်ပစ္စည်းများအား ခင်းကျင်း ပြပေးမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ပြသသူပေါင်း ၆၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲနှင့် အတူ Oil & Gas Myanmar 2015 ကို တစ်ခါတည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လုပ်ငန်းနယ်ပယ် အတွင်းမှ ကျွမ်းကျင်သူများ ဆုံစည်းရန်နှင့် နိုင်ငံတကာမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထောက်ပံ့ပေးသူများနှင့် ဝန်ဆောင်မှုပေးသူများကို တွေ့ ဆုံမှုပေးနိုင်မည့် အရင်းအမြစ်ဖြစ်သော အကြီးမားဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာပြပွဲဖြစ်ကြောင်းသိရသည်။

၎င်းပြပွဲသည် စီးပွားရေးနှင့် ကုန်သွယ်ရေး ကျွမ်းကျင်သူများအတွက် ရည်ရွယ်၍ ပြသခြင်းဖြစ်ပြီး ပြပွဲ တက်ရောက်လိုသူများ အနေဖြင့် www.manufacturingmyanmar.com တွင် Register ပြုလုပ်ရမည်ြဖစ်သည်။