ကားများတွင် Cortana ကို အသုံးပြုရန် Microsoft ဆန္ဒရှိနေ

12033112_10153196506347825_2587483991869607556_n.jpg

Microsoft သည် ကုမ္ပဏီ၏ voice assistant Cortana ကို ကားတွင်း နည်းပညာအဖြစ် အသုံးပြုနိုင်ရန်အတွက် စမ်းသပ်လုပ်ဆောင်နေကြောင်း Taipei Times မှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်တွင် ပြုလုပ်ခဲ့သော ကုမ္ပဏီ၏ TechDays ပွဲတွင် Microsoft အာရှ-ပစိဖိတ်သုတေသနမှ စီအိုအိုဖြစ်သူ ဆမ်မြူရယ်ရှန်က ကားလေကာမှန်တွင် display တစ်ခုဖြင့် ဖော်ပြပြီး လမ်းညွှန်မှုများနှင့် စားသောက်ဆိုင်တွင် ကြိုတင်နေရာယူခြင်းကဲ့သို့သော လုပ်ဆောင်ချက်များအတွက် အသံဖြင့်စေခိုင်းမှု ပြုလုပ်နိုင်မည့် Cortana ပါဝင်သော ကားရှေ့ပြေးပုံစံတစ်ခုကို ဖန်တီးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက “မြင့်မားတဲ့ ကုန်ကျစရိတ်ကြောင့် ဒီလို ထုတ်ကုန်တွေကို ကျွန်တော်တို့ ဖြန့်ချိမှု မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဖြစနိုင်ခြေရှိတဲ့ အရာတွေကို ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ထိုင်ဝမ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးသွားမှာပါ” ဟု ဆက်လက်ပြောကြားခဲ့သည်။

Microsoft သည် ကားအတွင်း Windows သုံးနိုင်မည့် အယူအဆကို ပြီးခဲ့သည့်နှစ်က မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ အယူအဆတွင် Windows Phone တစ်ခု၏ လုပ်ဆောင်ချက်အတိုင်း ပြုလုပ်နိုင်မည့် in-dash touchscreen ပါဝင်သည်။

အကယ်၍ Microsoft ၏ အယူအဆ အမှန်တကယ် ဖြစ်မြောက်ခဲ့ပါက ကုမ္ပဏီအနေဖြင့် Apple ၏ CarPlay နှင့် Google ၏ Android Auto တို့ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Ref: TheNextWeb