အာဆီယံ ရာဇဝင် ရာမဇာတ်တော်ကို အခြေခံထားသည့် Rage of Rama ဂိမ်းအား နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရá€

11947981_10203711075896397_5864014158944175369_o.jpg

အာဆီယံဒေသတွင်း နိုင်ငံအချို့၏ ရာဇဝင်ဇာတ်လမ်းတစ်ခုဖြစ်သော ရာမဇာတ်ကို အခြေခံထားသည့် Rage Of Rama ဂိမ်းကို ယခုလကုန်တွင် ပြည်တွင်း၌ စတင် ဖြန့်ချိတော့မည်ဖြစ်ကြောင်း Total Game Play Studio မှ သတင်းရရှိသည်။

မြန်မာ developer များဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် Total Game Play Studio မှ ဖြန့်ချိမည့် အဆိုပါ Rage Of Rama ဂိမ်းတွင် အာဆီယံဒေသတွင်း၌ လူသိများသည့် ရာမနှင့် ဒဿဂီရိ ဇာတ်ကောင်များအပြင် စုစုပေါင်း ဇာတ်ကောင်အရေအတွက် ၅၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ရည်ရွယ်ချက်ကတော့ အာဆီယံဒီဇိုင်း တစ်ခုခုကို ဂိမ်းအဖြစ်ဖန်တီးချင်တဲ့ အတွက်ပါ။ ကျွန်တော်တို့ ဒါကို အခမဲ့ကစားနိုင် အောင် ဆောင်ရွက်ပေးထားပါမယ်။ ဒီဂိမ်းကို မြန်မာ developer ရှစ်ယောက်နဲ့ ဖန်တီးထားတာပါ” ဟု Total Game Play Studio မှ မန်နေဂျင်း ဒါရိုက်တာ ကိုမြင့်ကျော်သူက ပြောသည်။

Rage of Rama ဂိမ်းသည် အွန်လိုင်းပေါ်တွင် ကွန်ရက်ချိတ်ဆက်ကာ အုပ်စုဖွဲ့၍ ကစားနိုင်သော ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး တစ်ဦးတည်း ကစားသူများ အနေဖြင့် လေ့ကျင့်ကစားသည့် သဘောဖြင့်သာ ကစားနိုင်မည်ဖြစ်သည်။

၂၀၁၅၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် အဆိုပါဂိမ်းကို Google Play Store ပေါ်တွင် အခမဲ့ ရယူကစားနိုင်မည်ဖြစ်ပြီး Android OS Platform အတွက်သာ စတင်ထွက်ရှိလာမည်ဖြစ်သည်။ ထို့နောက် တစ်လခန့် အကြာတွင် PC version အတွက် ဆက်လက်ဖြန့်ချိမည်ဖြစ်ပြီး နောက်ပိုင်းမှသာ iOS Platform အတွက် ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ကိုမြင့်ကျော်သူက ဆိုသည်။

ထို့အပြင် ရာမနှင့် ဒဿဂီရိဇာတ်ကို အခြေခံထားသည့် အဆိုပါဂိမ်းကို ပြည်တွင်း၌ စတင်ဖြန့်ချိမည်ဖြစ်ပြီး လအနည်းငယ်၌ အတွင်း နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြည်တွင်းအခြေစိုက် Total Game Play Studio အနေဖြင့် မြန်မာလူနေမှုဘဝနှင့် သက်ဆိုင်သော ဂိမ်းအမျိုးအစား ခြောက်ခုကို ဖြန့်ချိထားပြီဖြစ်သည်။