Trexex the drow ranger

Trexex-the-drow-ranger-KOBO-online-gamearticle-2015SEP10.jpg

Dota ကစားသမားတိုင်း ကင်းကွာလို့မရတဲ့ Carry Hero တစ်ကောင်ကတော့ Long Range Attack ရှိတဲ့ Trexex The Drow Ranger ပဲ ဖြစ်ပါတယ်။ အသုံးပြုစရာ Ability နည်းပါးတဲ့ Agility Hero တစ်ကောင်ဖြစ်လို့ အစောပိုင်းလေ့လာဆဲ ကစားသမားတွေအတွက် အသင့်တော်ဆုံး Hero တစ်ကောင်ဖြစ်နေရခြင်းပါပဲ။ အရမ်းများပြားလွန်းတဲ့ Physical Damage Output ရှိပြီး ရိုးရှင်းပြီး နှိပ်သုံးစရာမလိုအပ်တဲ့ Item အများစုရွေးချယ်နိုင်လို့ ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့ Carry တစ်ကောင်ဖြစ်ပေမယ့် ပျော့လွန်းပြီး Escape Ability မပါဝင်ခြင်းကTrexex ရဲ့ အဓိကအားနည်းချက် ဖြစ်နေပါတယ်။ သူမရဲ့ Agility ပေါ်မူတည်ပြီး Ally Team တစ်ခုလုံးက Range Hero, Unit တွေကို အကျိုးရှိလေလေ ဖြစ်စေလို့ Agility တက်စေမယ့် Item များစွာကို ရွေးချယ်ပေးသင့်တဲ့ ရိုးရှင်းတဲ့ Carry Hero တစ်ကောင်လည်းဖြစ်ပါတယ်။ သူမရဲ့ ထူးခြားချက်ဟာ Enemy Hero နဲ့ ဝေးဝေးနေနိုင်မှ Ultimate Markmanship ရဲ့ Bonus Agility အကျိုသက်ရောက်မှုကို ခံစားရမှာဖြစ်လို့ နေရာယူတတ်ဖို့ အဓိက
လိုအပ်တဲ့ hero တစ်ကောင်ပါပဲ။

Background Story

Trexex လို့ အမည်ပေးခြင်း ခံရတဲ့ Drow Ranger ဟာ ခန္ဓာကိုယ်သေးငယ်ပြီး ကျောက်ဥမင်လှိုဏ်ဂူများထဲမှာ နေထိုင်တဲ့ Drow မျိုးနွယ်စုမှ မွေးဖွားလာခဲ့တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ သာမန် Drow တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ခရီးသွားဓားပြများဟာ သူမတို့နေထိုင်တဲ့ ဂူပေါက်ဝမှာ စတည်းချ ဖြတ်သန်း သွားတဲ့ ညတစ်ညအရောက်မှာတော့ ဂူထဲမှာ အသံပေါင်းများစွာကို ကြားခဲ့ရတဲ့ ဓားပြများဟာ အပြစ်ကင်းပြီး အေးဆေးစွာ နေထိုင်တတ်တဲ့ Drow မျိုးနွယ်စုတစ်ခုလုံးကို ရည်ရွယ်ချက်မရှိဘဲ ဝင်ရောက်သတ်ဖြတ်သွားခဲ့ပါတယ်။ တိုက်ပွဲပြီးသွားချိန်မှာတော့ ကျောက်ဂူရဲ့ အစွန်းလေးတစ်ခုအောက်မှာ ပုန်းအောင်းနေခဲ့တဲ့ Drow မျိုးနွယ် ကလေးမငယ်ငယ်လေး တစ်ယောက်ကို ဓားပြများကရှာဖွေ တွေ့ရှိခဲ့ကြပြီး ဒီကလေးမလေးကိုတော့ စွန့်ပစ်မသွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ကလေးလေးဖြစ်နေ သည့်တိုင်အောင် Trexex ဟာ သူမရဲ့ မျိုးရိုးလိုက် အရည်အချင်းများဖြစ်တဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ပုန်းကွယ်ခြင်း၊ အသံတိတ်စေမယ့် တွန်းအားစတဲ့ အရည်အချင်းများကို အသုံးပြုနိုင်ခဲ့ပါတယ်။ အရွယ်ရောက်လာခဲ့အခါ လက်ရှိမိသားစုဝင်တွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ သူမဟာ အခြားသူများထက် များစွာရုပ်ဆိုးနေသလို ခံစားခဲ့ရပါတယ်။ သူမကို ပြုစုပျိုးထောင်ခဲ့တဲ့ မျိုးနွယ်ကနေ တဖြည်းဖြည်း ကင်းကွာလာသလို ခံစားလာရပြီး နောက်မှာတော့ သူမဟာ တောကြီးမျက်မဲထဲမှာပဲ တစ်ဦးတည်းနေဖို့ ဆုံးဖြတ်ကာ အားလုံးကို စွန့်ခွာလာခဲ့ပါတယ်။ တောတွေထဲမှာ လမ်းပျောက်နေတဲ့ ခရီးသွားတွေဟာ တစ်ခါတစ်ရံမှာ ထင်မှတ်မထားရတဲ့ လှပသော လေးသည်တော် မိန်းကလေးတစ်ဦးက  ၎င်းတို့အနားမှာ သာယာချိန်မြိန်သော အသံတို့နဲ့အတူ ထွက်ပေါ်လာပြီး သူတို့အနားထိ မကပ်နိုင်ခင်မှာဘဲ အိပ်မက်တစ်ခုသဖွယ် ပျောက်ကွယ်သွားလေ့ရှိတဲ့ ယုံတမ်းတစ်ခု ထွက်ပေါ်လာပါတယ်။ Trexex ဟာ အေးခဲတိတ်ဆိတ်တဲ့မြူ ခိုး မြူ မှုန်များကြားမှာ ပုန်းလျှိုး သွား
လာလေ့ ရှိပါတယ်။ သင်ကြားလိုက်ရတဲ့ တီးတိုးရွတ်သံကလေးတစ်ခုဟာ တောကြီး မျက်မဲထဲမှာ သင့်ကိုဒုက္ခပေးမယ့် ရန်သူရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့ ရေခဲမြှားရဲ့လေအဟုန်ကို ခွင်းသွားတဲ့ အသံပါပဲ။
    
Abilities

သင့် Lane  က Enemy Hero ကို သွားရောက်တိုက်ခိုက်တဲ့အခါမှာ Enemy Creep, Tower တွေက သင့်ကို ချက်ချင်းဦးတည်ပြီး တိုက်ခိုက်လေ့ရှိပါတယ်။ Dota အသုံး
အနှုန်းအရ လှည့်ပြီး သုံးရတဲ့ Orb Effect Ability တွေကို တစ်ချက်ချင်း နှိပ်သုံးပြီးပစ်တဲ့ အခါမှာ Enemy Creep, Tower တွေက ကိုယ့်ကို မတိုက်ခိုက်စေမယ့် အားသာချက် တစ်မျိုးရှိပြီး ၎င်းကို Orbwalking လို့ ခေါ်ပါတယ်။ လှည့်သုံးရတဲ့ Orb Ability များကတော့ Huskar ရဲ့ Burning Arrow, Enchantress ရဲ့ Impetus ကဲ့သို့သော Ability တွေဖြစ်ပြီး Drow Ranger ရဲ့ပထမ Ability “Frost Arrow” ဟာလည်း Orb Ability တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Orb Walking အသုံးပြုလို့ရတဲ့ Frost Arrow ကို အစောပိုင်းမှာ တစ်ဆင့်လောက်တော့ အနည်းဆုံး ယူထားသင့်ပါတယ်။ “Frost Arrow” ရဲ့ Hot Key (R) ကို တစ်ချက်စီ နှိပ်ပြီး Enemy Hero ကို တိုက်ခိုက်မယ်ဆိုရင်တော့ 12 Mana တည်းနဲ့ Enemy Hero ကို နှိမ်ထားနိုင်မှာပါ။ Movement Speed တစ်မျိုးတည်းကိုပဲ အထူးပြုပြီး Slow စေမှာဖြစ်လို့ နောက်ကနေ လိုက်လံတိုက်ခိုက်ရတဲ့ အခြေအနေမျိုးမှာ အသုံးပြုလို့ အကောင်းဆုံး ဖြစ်ပါတယ်။ Lifesteal Item တစ်ခုခုကို ရွေးချယ်ထားမယ်ဆိုရင်တော့ Frost Arrow ပစ်ချက်တိုင်းမှာ သွေးမစုပ်တာကိုလည်း သတိပြုရပါမယ်။ နောက်ဆုံးအဆင့်မှာ Enemy ရဲ့ Movement Speed ကို 60% အထိ 2 seconds ကြာအောင် လျှော့ချပေးမှာ ဖြစ်ပါတယ်။

V6.80 Patch Update ကနေစပြီးTrexexရဲ့ Silence ဟာ Gust ဆိုတဲ့ အမည်နဲ့ အနည်းငယ် တိုးတက်သွားတဲ့ Silence Ability တစ်ခု ဖြစ်လာပါတယ်။ ယခင်က
Death Prophet ကဲ့သို့  AoE Silence Ability တစ်ခုဖြစ်ခဲ့ပေမယ့် Gust အဖြစ်ပြောင်းသွားပြီးနောက်မှာတော့ Trexex ကို အနီးကပ် လာရောက် တိုက်ခိုက်မယ့် Ganker တွေကို အဝေးသို့ ပြန်လည် တွန်းလွှတ်နိုင်တော့မှာ ဖြစ်ပါတယ်။ အသုံးပြုလိုက်တဲ့ လမ်းကြောင်းတစ်လျှောက် 1150 Unit အတွင်းက Enemy တွေ အားလုံး
Silence နဲ့ Knockback ကိုဖြစ်ပေါ်စေပါလိမ့်မယ်။ နောက်ပြန်လွင့်သွားမယ့် အကွာအဝေးကတော့ Gust လမ်းကြောင်းထဲက Unit ဟာ Trexex နဲ့ နီးလေ အများ
ဆုံး 350 Range အထိ ဝေးဝေးလွင့်လေဖြစ်ပြီး အဝေးဆုံး 1150 အကွာအဝေးမှာဆိုရင်တော့ နောက်ဘက်ကို ထပ်ရွေ့ တော့မှာမဟုတ်ပါဘူး။ နောက်ဘက်ကို ရွေ့ရွေ့ မရွေ့ရွေ့ Knockback ဖြစ်သွားတဲ့ အချိန်ကတော့ 0.6/0.7/ 0.8/ 0.9 second ကြာမြင့်မှာဖြစ်ပြီး 3/4/5/6 Seconds Silence ကိုလည်း သက်ရောက်စေဦးမှာ ဖြစ်ပါတယ်။ Gust ဟာ Disable အမျိုးအစား မဟုတ်တဲ့အတွက် Town Portal ကဲ့သို့ Item Channeling ကို မပျက်စေပါဘူး။

ရိုးရိုးရှင်းရှင်း Range Unit တွေကို Damage တက်စေတဲ့ Precision Aura ကတော့ v6.76 Patch ကနေစပြီး rework ဖြစ်သွားတဲ့ Passive Ability တစ်ခုဖြစ်ပါတယ်။ ယခင်က Drow နားရှိသမျှ Range Unit တွေ Damage တက်စေခဲ့တဲ့ Ability ဖြစ်ခဲ့ပေမယ့် 76 နောက်ပိုင်း မြေပုံတစ်ခုလုံးက Ally Range Hero တွေဟာ Trexex ရဲ့ Agility ပမာဏ အချိုးအစားပေါ် မူတည်ပြီး Damage တက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် Ultimate Marksmanship ကြောင့် ရရှိလာမယ့် Bonus Ability ဟာ တစ်သင်းလုံး အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ Hero မဟုတ်တဲ့ Unit တွေ Damage တက်စေဖို့အတွက် Precision Aura ကို နှိပ်သုံးပေးဖို့ လိုအပ်ပြီး 30 seconds duration နဲ့ 120 seconds cooldown ရှိလို့ လမ်းတိုးတဲ့အချိန်၊ Team Fight အချိန်တွေမှာ နှိပ်သုံးပေးဖို့ လိုပါလိမ့်မယ်။

Ultimate Marksmanship ကတော့ Trexex ကို များပြားလွန်းတဲ့ Bonus Agility ပမာဏကို ရရှိစေမှာဖြစ်ပါတယ်။ 40/ 60/80 ဆိုတဲ့ Bonus Agility ပမာဏဟာ Drow Ranger ရဲ့ 400 AoE အတွင်းမှာ Enemy Hero တစ်ကောင်ကောင် ရှိမနေမှ ရရှိမှာဖြစ်ပါတယ်။ 1 agility ဟာ 1 damage, 1 attack speed နဲ့ 0.07 Armor နဲ့ ညီမျှတာဖြစ်လို့ နောက်ဆုံးအဆင့်မှာ ရရှိမယ့် 80 Bonus Agility ကြောင့် Trexex ဟာ +80 Damage, +80 Attack Speed, +11.2 Armor ကို ရရှိနေပါလိမ့်မယ်။

Drow Ranger ဟာ Agility ပမာဏအပေါ် များစွာမှီခိုနေတဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ သူမမှာ Agility များလေလေ၊ အသင်းအတွက် အကျိုးရှိလေလေ ဖြစ်လို့ Agility တက်စေမယ့် Manta Style,  Sange and Yasha, Butterfly တို့ဟာ ရွေးချယ်ဖို့သင့်တော်တဲ့ item တွေပဲ ဖြစ်ပါတယ်။ Escape Ability မပါဝင်ခြင်းက Drow Ranger ရဲ့ အဆိုးဝါးဆုံး အားနည်းချက်ဖြစ်လို့ အနီးကပ်တိုက်ခိုက်နိုင်တဲ့ Gonder, Riki, Anti-Mage, Phantom Assassin ကဲ့သို့ Carry တွေကို ကြောက်ရပါတယ်။ အစောပိုင်း Escape အဖြစ် Shadow Blade ကို ရွေးချယ်ကြပြီး Mid Game မှာ Dagger + Madness စပ်ခြင်းဟာလည်း v6.80 နောက်ပိုင်းမှာ သိသိသာသာ ခေတ်စားလာတဲ့ ကစားကွက် တစ်ခုဖြစ်လာပါတယ်။ Damage ပမာဏ များပြားလွန်းတဲ့အတွက် Farm ရလွယ်ကူတဲ့ Drow Ranger အနေနဲ့ Satanic, Monkey Kin Bar, Daedalus  တို့ကို ပွဲနောက်ပိုင်း Inventory ၆ ကွက်အတွက် ထည့်သွင်း စဉ်းစားပေးရမှာဖြစ်ပြီး Carry တို့ရဲ့ ထုံးစံအတိုင်း ဦးစားပေး Black King Bar ကိုလည်း မေ့မထား သင့်ပါ ဘူး။ မြင်ရခဲပေမယ့် Frost Arrow ရဲ့ 2 seconds 60% Movement Speed Slow အပြင် Skadi ထည့်ပြီး Frost Arrow တစ်ချက်၊ Normal Skadi တစ်ချက်၊ Frost Arrow တစ်ချက်စီပစ်ပေးခြင်းဖြင့် စုစုပေါင်း 72.5% Movement Speed Slow ဖြစ်အောင် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက် သာလျှင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

www.dotaboo.com